Tuesday, April 23, 2013

ဘယ်သူရှိမလဲ

ရေး - ဆောင်းဦးလှိုင်
ဆို - ဇော်ဝင်းထွဋ်

အမုန်းမီးများလည်း နှလုံးသားထဲမှာ တဝုန်းဝုန်းတောက်လောင်နေပြီ 
ရှေးရှေးတုန်းကကောင်းခဲ့ဖူးသမျှ အခုကျတော့မင့်းကမေ့ပြီ
ချစ်ခဲ့ကြတဲ့ရက်လနှစ်တွေ မင်းငဲ့စောင်းတောင်မကြည့်ဘူး
ငါ့ဘဝလဲ တစ်စစီမင်းရက်စက်လို့သွားပြီ

ဘယ်သူရှိမလဲ အရမ်းချစ်ပြီးမှာ အချစ်နဲ့မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့မဝေးချင် ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ ဘယ်သူရှိမလဲ
ပြောအချစ်ရဲ့ ဘယ်သူရှိမလဲ

မင်းအတွက်လုံးလုံးပေးအပ်ခဲ့တဲ့ ငါ့အချစ်ရဲ့တန်ဖိုး
မင်းမသိပဲနဲ့ စတေးပစ်ခဲ့တဲ့ ငါ့ယုံကြည်မှုတွေအားလုံး
အဆုံးသတ်ကျတော့ နစ်မြုပ်သွားတဲ့ငါ့အိပ်မက်ကမ္ဘာလေး
နှလုံးသားအား တစ်စစီမင်းခွဲစိပ်ခဲ့ပြီ

ဘယ်သူရှိမလဲ အရမ်းချစ်ပြီးမှာ အချစ်နဲ့မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့မဝေးချင် ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ ဘယ်သူရှိမလဲ
ပြောအချစ်ရဲ့

ငါဆိုတာမင်းအတွက်အသက်ရှင်ခဲ့တဲ့အကြောင်းလဲ 
ပြောတာအကြိမ်ကြိမ်ပဲ ဒီကမ္ဘာမှာငါ့လောက်မင်းအပေါ်ဂရုစိုက်ချစ်နိုင်ခဲ့တာ ဘယ်သူရှိမလဲ
နှစ်သက်ခဲ့တဲ့ ငါ့ရဲ့အပြုအမူတွေကို နင်အခုတော့ ကြည့်မရ ငါ့ဘဝ

ဘယ်သူရှိမလဲ အရမ်းချစ်ပြီးမှာ အချစ်နဲ့မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့မဝေးချင် ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ ဘယ်သူရှိမလဲ
ပြော

မင်းအတွက်လုံးလုံးပေးအပ်ခဲ့တဲ့ ငါ့အချစ်ရဲ့တန်ဖိုး
မင်းမသိပဲနဲ့ စတေးပစ်ခဲ့တဲ့ ငါ့ယုံကြည်မှုတွေအားလုံး
အဆုံးသတ်ကျတော့ နစ်မြုပ်သွားတဲ့ငါ့အိပ်မက်ကမ္ဘာလေး
နှလုံးသားအား တစ်စစီမင်းခွဲစိပ်ခဲ့ပြီ

အမုန်းမီးများလည်း နှလုံးသားထဲမှာ တဝုန်းဝုန်းတောက်လောင်နေပြီ 
ရှေးရှေးတုန်းကကောင်းခဲ့ဖူးသမျှ အခုကျတော့မင့်းကမေ့ပြီ
ချစ်ခဲ့ကြတဲ့ရက်လနှစ်တွေ မင်းငဲ့စောင်းတောင်မကြည့်ဘူး
ငါ့ဘဝလဲ တစ်စစီမင်းရက်စက်လို့သွားပြီ

ဘယ်သူရှိမလဲ ဘယ်သူရှိမလဲ ဘယ်သူရှိမလဲ



No comments:

Post a Comment