Sunday, April 21, 2013

ခေါင်းစဉ်မရှိပါ

ရေး - မျိုးကျော့မြိုင်၊ Lit ကောင်းမြတ်
ဆို - မျိုးကျော့မြိုင်၊ ငယ်ငယ်

အချစ် မင်းဘဝလှနေပါစေ မင်းရဲ့အပြုံးတွေဖြာဝေ
နေ့တိုင်းဟာ မင်းအတွက် အဓိပ္ပယ်ရှိပါစေ
အိုး အချစ် မင်းကြိုက်တဲ့ပျော်စရာတွေ အေးမြတဲ့ ဒီဘဝလေး
ခဏလေးမှာ မင်းအတွက်အမြဲ အဖော်ဖြစ်ပါစေ

ဒီစိတ် ဒီတစ်သက် ဘယ်တော့မှ ငါမပျက် ပျော်ရွှင်ပါတယ်
လောကကြီးထဲ ပျံသန်းလျက် မသိပါ အပူပင်တွေအား ငါ့ရဲ့ အဝေးမှာ ချန်ထား အတွေးမှန်စွာ တွေးရန်သာ ငါ့မှာသိထား
အခုဘဝထဲ ပျော်ခဲ့ပြီး ငါ့မှာ သီချင်းတွေဆိုပြီး
အခုဘဝထဲ ပျော်ခဲ့ပြီး ငါ့မှာ သီချင်းတွေဆိုပြီး

အချစ်မင်းဘဝလှနေပါစေ မင်းရဲ့အပြုံးတွေဟာလေ
နေရာတိုင်းမှာ အစွဲလမ်းဆုံးဖြစ်ပါစေ
အိုး ဟိုး အချစ် မင်းမကြိုက်တဲ့အပူအပင်တွေ
မင်းမရောက်တော့မယ့်နေရာလေး
ကိုယ့်နားမှာ မင်းအတွက်အမြဲလေရှိနေ

ကဗျာတွေဆိုကြ ဒါဟာ င့ါငယ်စဉ်ဘဝ
နှောင်းသွားလည်း မေ့မရပါ နေ့ည
နောက်နေ့တွေ ပြောင်းသွားလည်း ငါ့စိတ်ဟာ ဟောင်းမသွားပဲ
သီဆိုစရာ အကြောင်းတရားထဲ သံစဉ်ရှာကာ ခေါင်းစားဆဲ
အားများနဲ့ ငါဆက်ပြီး သွားနေမယ့်ခရီး ငါ့မှာသီချင်းတွေဆိုပြီး
စိတ်တစ်ခုအတွက် ငါဆက်ပြီး ရူးနေမယ့် ခရီး
ငါ့မှာ သီချင်းတွေကိုဆိုပြီး

အချစ်မင်းဘဝလှနေပါစေ မင်းရဲ့အပြုံးတွေဖြာဝေ
ဘဝတိုင်းမှာ မင်းအတွက် အချစ်တွေပေါပါစေ
အိုး အချစ် ကိုယ်တို့နှစ်ယောက်အကြောင်းတဒင်္ဂလေး
သတိရမိတဲ့အချိန်မှာလေ ညတိုင်းဟာ
အိပ်မက်ဆိုးတွေ ဝေးပါစေ

အချစ်မင်းဘဝ လှနေပါစေ မင်းရဲ့အပြုံးတွေဖြာဝေ
နေ့တိုင်းဟာ မင်းအတွက် အဓိပ္ပယ်ရှိပါစေ
အိုး အချစ် မင်းကြိုက်တဲ့ပျော်စရာတွေ အေးမြတဲ့ဒီဘဝလေး
ခဏလေးမှာ မင်းအတွက် အမြဲအဖော်ဖြစ်ပါစေ
အိုး ဟိုး အချစ်
9:58 PM 4/22/2013

No comments:

Post a Comment