Sunday, April 21, 2013

ဒူးထောက်ပြီ

ရေး - ကေအေတီ
ဆို - ဝိုင်ဝိုင်း

ငါချစ်ရမှာစိတ်ကူးရုံနဲ့ သွေးသားထဲကပျော်နေတတ်ပြီ
အိမ်မက်ထဲမှာဆုံတွေ့လိုက်တိုင်း
မနေနိုင်ဘူးရူးချင်ပြီ
မင်းရှေ့ကို ကိုယ်ရောက်သွားရင်ပဲ
အားတင်းထားသမျှအရည်ပျော်သွားတယ်
မင်းရဲ့အကြည့်မှာမြူခိုးတွေနဲ့
မမြင်နိုင်ဘူး ဆူးတွေလည်း
ရင်ကိုဖွင့်ပြီး ဆိုမယ် မယုံနိုင်အောင်ချစ်မိတယ်

ရင်ခုန်သံများချုပ်ထိန်းမရ သူသိအောင်ဖွင့်ပြောမည်
ကိုယ်ဘက်ကအကြင်နာတွေ မင်းသိဖို့လိုပြီ
တို့ဆုံတွေ့ခြင်း အရှုံးလည်းယူလိုက်မည်
မင်းသိအောင်ဖွင့်ပြောတော့မည်
အရှုံးလည်းယူတော့မည် မင်းရှေ့မှာငါဒူးထောက်ပြီ
ကြေကွဲစမ်းပါစေ မင်းသိအောင်ဖွင့်ပြောတော့မည်

9:32 PM 4/22/2013

No comments:

Post a Comment