Tuesday, April 23, 2013

ချယ်ရီကိုသာပန်ပါကွယ်

ရေး -
ဆို - စိုင်းထီးဆိုင်


မှန်ကိုလည်းငဲ့မကြည့်တော့ ကေသာကြော့လည်း
ပြေလျော့ခဲ့တယ် အိမ်မှာပန်လာရှာတယ်
ပိတောက်ပန်းညှိုးချိန်ဝယ် ပန်ပါလို့ဇွတ်မပေးချင်
မပန်ချင်လည်းပဲ ကိုယ်ခွင့်လွှတ်မယ်
ရင်မှာကြင်နာတာတွေ

(တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းမရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ်
ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ့် အချစ်ရယ်
နော်လိမ္မာပါတယ် ဗမာမလေး စိတ်မညိုနဲ့
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာ ပန်ကာကျေနပ်ကွယ်)၂

အိမ်ကိုပဲ လွမ်းလို့လား အရင်လူများစိတ်မှာအောက်မေ့ရင်
ပြန်ချင်တယ် ဆိုရင်ဖြင့် ကိုယ်မတားရက်ပါတယ်
ဒါပေမယ့် မင်းမသွားခင်
တောင်ပေါ်သားရဲ့အချစ်ဆုံးလက်ဆောင်
မပန်တောင်ယူမယ်ဆိုရင်
ကိုယ်ခူးပေးချင်တယ်


(တောင်ပေါ်မြေမှာ တော်ဝင်ပိတောက်ပန်းမရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ရင်းရှိကြတယ်
ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ့် အချစ်ရယ်
နော်လိမ္မာပါတယ် ဗမာမလေး စိတ်မညိုနဲ့
ရွှေညာမြေက ပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာ ပန်ကာကျေနပ်ကွယ်)၂
စိုင်းထီးဆိုင်


No comments:

Post a Comment