Monday, April 1, 2013

မေတ္တာမီးအိမ်

ရေး - တွံတေးသိန်းတန်
ဆို - လွှမ်းမိုး

ညမှောင်မှောင် လမှောင်မှောင် ကြယ်ရောင်သော်မလင်း  ချိန်းခဲ့တဲ့ညတုန်းကပေါ့ကွယ်

မောင်တစ်ယောက်တည်း မြကန်သာ မျက်ခင်းနဘေးဝယ်  အတွေးတွေရင်မှာပိုက်ကာ
ဆိုက်ဆိုက်လာခဲ့မိတယ် ချစ်သူလာသောညကငွေလသာပါတယ်
ချစ်သူမလာသောခုညငွေလဘယ်ကိုရောက်နေသလဲ လမင်းဘယ်ကိုရောက်နေသလဲကွယ်
ချစ်သူမုန်းလို့ငွေလရယ်ပုန်းနေတာလားကွယ်
ထိုသောခဏဝယ် မီးအိမ်ငယ်မလင်းတလှည်လင်းတလှည့် တရွှေ့ရွှေ့
လျှောက်သွားပိုးစုန်း ကြူးငယ်ငယ်  မီးအိမ်ကိုဆွဲ ညမှောင်မှောင်ထဲ ဝယ်
ချစ်သူပျောက်ကိုအရှာသွားသည့်နှယ်
ကိုယ့်အဖြစ်လဲသည့်သို့သာဘဲကွယ်  ရင်မှာပျိုးထားမေတ္တာနှောင်ငင်မီးအိမ်ဆွဲလို့
သူ့ကိုပဲရှာခဲ့မိတယ်  ချစ်သူမလာသောခုလိုည မျိုးမယ် ချစ်စကားအလှတွေဘယ်သူ့ထံပါးပြောကြားရမလဲကွယ်
ရေပြင်ကိုပြောရမလား  ကောင်းကင်ကိုပြောရမလား မြေလွှာကိုဘဲပြောရမလား
တစ်ယောက်တည်းအတွေးကငယ်
ချစ်သူမလာသောညတစ်ညဝယ်ညမှောင် လမှောင်မှောင် မို့
ချစ်သူလာသောညကငွေလသာပါတယ်
ချစ်သူမလာသောခုညငွေလဘယ်ကိုရောက်နေသလဲ လမင်းဘယ်ကိုရောက်နေသလဲကွယ်
ချစ်သူမုန်းလို့ငွေလရယ်ပုန်းနေတာလားကွယ်

(ခုတလောက် oldies တွေ ဆက်တိုက်တင်ဖြစ်နေတယ်။ သင်္ကြန်ပြီးရင်တော့ POP လေးတွေ တင်မယ်စိတ်ကူးတယ်။)

1 comment:

  1. လေးလေးစား အားပေးလိုက်ပါတယ်ဗျာ။
    မြန်မာသီချင်းစာသားတွေကို ခေတ်အလိုက်စုစည်းပြီး စာအုပ်ကြီးတအုပ်ထုတ်ချင်ပါတယ်။

    မင်းဒင်

    ReplyDelete