Wednesday, April 3, 2013

ဓာတ်ပြားဟောင်းတစ်ချပ်

ရေး - မောင်သစ်မင်း
ဆို - ထွန်းအိန္ဒြာဗိုလ်

ခိုဖြူခိုပြာများ   အုပ်ဖွဲ့ ပျံသန်းကာ
အိမ်ခေါင်ထိပ်ဖျားမှာ   နားကြပြီ
မောင်ပြန်လာမယ်ပြောတဲ့ နေ့ လွန်ခဲ့တာ … မိုးတွင်းလေးတစ်ခု
ပြကဒိန်ပေါ်ဖြတ်သွား … နှုတ်ခမ်းဖျားနဲ့   မလွမ်းပါရှင်
နှလုံးသားလေးနဲ့ လွမ်းနေတယ်  မောင် ဘယ်မှာလဲ
ခိုကလေးအတိုင်း ငြီးလို့ နေ တောင်ပံတွေငှားပါနော်
လေဟုန်မှာဝဲပျံပြီး  ကမာမြေပြင်အနှံ့  ချစ်ခြင်းနဲ့ 
လိုက်ရှာချင် လား … လား … လား…
ငိုချင်ရင် ဓာတ်ပြားဟောင်းလေးပြန်ဖွင့်ကာ
အကြိမ်ကြိမ်အခါခါ  ပျို့ မှာတမ်းသီချင်းကို …
မေရှင်ဆိုသလို နှလုံးသားထဲမှာ လိုက်ဆိုခံစားမှုတစ်ဝက် …
အိပ်မက်တစ်ဝက်မက်နေဆဲ နှုတ်ခမ်းဖျားနဲ့ မလွမ်းပါရှင်
နှလုံးသားနဲ့ လွမ်းနေသူ … မောင်ပြန်လာမှ
ဓာတ်ပြားဟောင်းလေးသိမ်းချင် ပျော်စရာတွေလည်းမရှာဘူး
အိမ်အပြင်ကို ထွက်မလည်ဘူး  ထိုင်နေမှာပဲ
သီချင်းလေးအနားမှာပဲ … လား… လား… လား…လား..
ဝရံတာမှီကာ သီချင်းလေးလိုက်ဆိုရင်းလေ
သန်းခေါင်ယံငွေလမင်းကို ငေးကြည့်ကာ ခုနှစ်စင်ကြယ်လေး
အမြီးလေးကိုကောက်ချိန် ဒီလိုညပေါင်းများစွာ တစ်ကိုယ်ရည်ထဲ
နှုတ်ခမ်းဖျားနဲ့ မလွမ်းပါရှင် နှလုံးသားနဲ့ လွမ်းနေသူ …
မောင်ပြန်လာပါ ရင်ထဲကတမ်းတနေ
တီဗွီကိုလဲ   မဖွင့်ဘူး  ဗွီဒီယိုလဲ  မကြည့်ဘူး
မေရှင်ဓာတ်ပြားဟောင်းလေးပဲ နားထောင်ချင်


No comments:

Post a Comment