ရေး - ကိုသန်းလှိုင်
ဆို - လွှမ်းမိုး
ကန်သာလိပ်ပြာတွေ့လေတိုင်း အဆိတ်ကခြောက်လှန့်လာတာမြင်
နှစ်ဦးစလုံးအသဲတွင် ကဗ္ဗည်းတင်ထားကြတဲ့ အချစ်စစ်ရဲ့ဇာတ်ကြောင်းကိုဘဲ
ပြန်လည်ပြောရပြန်ပြီခင်
နန်းမြင့်နွယ်ဖွားကိုပဲ အလေးထားကြလူတကာပင် လှိုင်ထိပ်ထား ထိပ်ထားပျိုခင်
ပန်းပွင့်စံပယ်များလိုပဲ အသွေးအသားကဖြူစွာလှထင် လှိုင်ထိပ်ထား ထိပ်ထားပျိုခင်
ပုံခိုင်းနှိုင်းစရာလည်းပြေးလွှားရှာလည်းမမြင် ဂုဏ်အသိုင်းအဝိုင်းမှာပဲမွှေးဖွားလာတဲ့သခင်
ဇာတ်အစနိဒါန်းကလည်း အချစ်မဆန်လွန်းသော အဖြစ်နဲ့တူသလိုပင် အိမ်မက်ဆန်သည်များကြားတွင်
ပျော်မွေ့လာတဲ့စိတ်ကူးယဉ်တဲ့ခင် ဒြပ်ဂုဏ်မြင့်လွနးတဲ့သူမရဲ့ပတ်ဝင်းကျင်တွင်
အချစ်ဆိုတာလည်း ကြားများကြားဖူးမယ်မထင် ဂုဏ်ပကာသနကိုပဲမြတ်နိုးရာတစ်ခု လို့သူကအမွန်းတင်ကာမစချင်
အသစ်အဆန်းစကားများနဲ့ အချစ်ကိုပင် ရောင်းဝယ်သဘောထင်
လှိုင်ထိပ်ထား ထိပ်ထားပျိုခင်
ချစ်တန်းများကစားလျှက် အသစ်ကိုပင် ပြောင်းလွယ်သော သခင်လှိုင်ထိပ်ထား ထိပ်ထားပျိုခင်
ဂုဏ်ကိုခင်ငွေကိုခင် အဆောင်အယောင်တွေလည်းဖုံးကာ သူနေချင်
မြင့်သောဘဝမှ မြင့်သောအခြေနဲ့သာထိုက်တန်သူကိုပင်တဖတ်သတ်ယုံစားလေသမျှ
ကျွန်တော့ရဲ့မဟာအမှားပဲထင် ပြုံးသီလာရေး ပြေးတဲ့ပဏများတွင်သာမုန်းဋီကာတေးပေးတဲ့
မဖုရားသခင် ထားခဲ့တဲ့ကတိတွေကိုလည်း မထောက်ညှာ၍ပဲ ဖောက်ကာသွေလွဲ သွားရှာပြီမို့
ဘဝချင်းခြားလေပြီထင်
စိတ်မှာအမှန်တွေးမိရင် အတိတ်ကမ္ဘာဇာတ်ကျောင်းသာဖြင့်လှိုင်ထိပ်ထား ထိပ်ထားပျိုခင်
လိပ်ပြာကန်ပြေကြည့်ရင် အရိပ်ပမာ ထပ်ပေါင်းကာထင် လှိုင်ထိပ်ထား ထိပ်ထားပျိုခင်
အဟောင်းဘဝက မှတ်တမ်းက ဗျာတဖုံပင် သာကြောင်းမလှတဲ့ဇာတ်ကြောင်းအမှားပုံပြင်

No comments:
Post a Comment