ရေး - စိန်မောင်မြင့်
ဆို - လွှမ်းမိုး
မိုးမြင့်ယံထဲ မာန်ဇွဲနဲ့ ပျံဝဲတဲ့လေတံခွန်လေးကို ကြည့်ကာအသိတရား တစ်ခုရလိုက်ပါပြီကွယ်
ဥပမာဆိုကြပါစို့ ပုံခိုင်းနှိုင်းပြမယ် ရိုင်းလိုက်တဲ့လေတံခွန် ရယ်ကွယ်
မိုးစွန်ဘုံဖျားဆီက လမင်းကြီးကို အံတုလို့ရယ် သူ့ကိုယ်သူအထင်ကြီးနေသည့်နှယ်
တစ်ခုတော့သတိပေးချင်တယ်ကြိုးမပါဘဲဘယ်လိုပျံမလဲကွယ်
ဝေဟင်အလယ်မေခင်အနွယ် လေအနှင်ဝယ် ရွှေဘဝင်ထယ်ကြိုးကိုမေ့ပေါ့လေတံခွန်လေးရယ်
မိုးစွန်တိမ်ကြားတိမ်ဖျား ကိုသွားချင်သလားကွယ် လွှတ်ပါ့မယ် မောင်လွှတ်ပါ့မယ်
မြေကြီးကိုမခင်တွယ်ပါတဲ့ တံခွန်မင်းသမီးသတင်းကြီးချင်တဲ့အရွယ်
တစ်ဒင်္ဂ မြင့်မားတာကို အစဉ်ထာဝရယင့်ကြွားလိုတဲ့မောင့်ကြိုးလေးနဲ့လေတံခွန်လေးရယ်
ကံကြမ္မာသံသရာကြောအလယ်လွင့်မျှောမှာစိုးမိပါရဲ့ မောင့်ကြိုးမျှင်ကိုမေ့ထားသူရယ်
လေတံခွန်ဆိုတာစက္ကူလေးက ဖြစ်လာတာမို့ဘဝဟောင်းက်ုတော့ မမေ့သင့်ပါတယ်
ခုတော့ကွယ် သမုကြော့အနွယ် အချစ်စိမ်းတဲ့ မျက်နှာမျိုးနဲ့ ရစ်ဘီးကြိုးလေး ဖြတ်လိုက်တာလား
ရစ်ဘီးကြိုးလေး ဖြတ်လိုက်တာလားကွယ်

No comments:
Post a Comment