Monday, April 1, 2013

ချစ်ဦးမောင့်ထံပြန်လာပါ

ရေး - တက္ကသိုလ်ချိုကြီး
ဆို - လွှမ်းမိုး


ချစ်ဦးမောင့်ထံပြန်လားပါကွယ် အိပ်၍မပျော်သောညည တွေများမယ်
မျှော်လင့်တုံး ကျော့ဆုံးလာလိမ့်မယ်ကွယ်  တမ်းတတလွမ်းရသူမယ်
မေတ္တာအိမ်တံခါးအသင့်ဖွင့်ထားတယ်
ညအမှောင်မှာ လရောင်မလင်းသော်လည်းကွယ်
ငွေကြယ်ထီးတိုးတိုး လို့မင်းကို စောင့်ကြိုရမောလှပါပြီကွယ်

ချစ်ဦးမောင့်ထံပြန်လားပါကွယ်  ချစ်ဦးမောင့်ထံပြန်လားပါလားအချစ်ရယ်
အို   မောင်ဆီကိုအပြန်လမ်းက ပန်းခင်းလမ်းလည်းမဟုတ်ဘူးကွယ်  ကြမ်းတမ်းခက်ထန်သည်ရှိမယ်ကွယ်
မှောင်နဲ့မည်းမည်း လရောင်လည်းသဲကွဲ မလင်းတယ်ကြယ်ခင်းမစုံ မွှေးမှုံနံ့သာမချယ် ချွေးစို့စို့
အပြေးကလေးမို့လာခဲ့သော်ငြား မောင်ရင်ခွင်ကြားထွေးထားသိပ်ပါ့မယ် အချစ်ရယ်ကွယ်
ချစ်ဦးမောင့်ထံ ပြန်လာပါလားကွယ်  ချစ်ဦးမောင့်ထံပြန်လားပါလားအချစ်ရယ်
အို   ဘယ်ရပ်ဌာနီ စံလေသည်  မြန်းလေသည်မသိတယ်
လှောင်အိမ်မှလွှတ်သောငှက်ငယ်သဖွယ်
ဝေးရာသို့ ပြေးခွာလို့ ရှောင်ဖယ် မြစ်ဧရာကြောဝယ်  စုန်ဆင်းရှာသော ဗေဒါပန်းပမာနှယ်
ဘယ်ကမ်းဘယ်သောင် ဘယ်ထိအောင်များ လွင့်ပါမျှော၍နေပေမယ်
ချစ်ဦးမောင့်ထံပြန်လားပါကွယ်  ချစ်ဦးမောင့်ထံပြန်လားပါလားအချစ်ရယ်


သြော်  ခုတော့လည်း ချစ်သူကိုယ့်ထံ မရောက်ပြန်ဘူးကွယ်
ဧရာဝယ်ဗေဒါနှယ်  လွင့်ပါသူမျှော ဘယ်သို့သောသောင်ကမ်းဆီဝယ် နားခိုမှေးစက်နေသလဲကွယ်
သိုက်မြုံဝေးရာ ပြေးခွာလေသောငှက်ငယ် မုန်တိုင်းတွေကြားက  ပြန်လမ်းများမသိလေရော့သလားကွယ်
ချစ်ဦးမောင့်ထံပြန်လားပါကွယ်  ချစ်ဦးမောင့်ထံပြန်လားပါလားအချစ်ရယ်

No comments:

Post a Comment