Saturday, April 20, 2013

အညံ့ပန်းလိုသူ


ရေး -
ဆို - စိုင်းထီးဆိုင်

အဖော်ကွဲသူတို့အတွက် ခဏတာကလေး
စိတ်ဖြေစရာယာယီသုံး ကိုယ်ဟာ အညံ့ပန်းလေးဘဝပါ
ပျော်လည်းပြန်ကွဲရမယ့်မနက်ဖြန်ကို စောင့်မျှော်နေရင်းသာ
မခေါ်လဲလိုအပ်တဲ့ အခိုက်အတန့်ကလေး
အမြဲပေါ်လာနေနေကျ ကိုယ်ဟာအညံ့ပန်းလေးဘဝပါ
လွယ်လို့တန်ဖိုးမထားကြမှန်းလဲ ကိုယ်သိပါတယ်အချစ်ရာ

ကောက်ရသူလိုလဲ သိပ်ဝမ်းသာစရာ မပေးစွမ်းနိုင်တဲ့ဘဝ
ကိုယ်ဝမ်းနည်းရမှာလား စွန့်ရသူအတွက်လဲ ဝမ်းနည်းစရာ
မပေးလိုက်နိုင်လေတဲ့ဘဝ ကိုဝမ်းသာရမှာလား
ကျောက်ခြင်းတူပေမယ့် ကိုယ်ဘဝကရှိတုန်းတော့

ထူးသလိုနဲ့ မရှိတော့လည်းမထူး ထာဝစဉ်ရင်ထဲ သိမ်းထားချင်စရာ
အရည်အသွေးရယ်စံချိန်မမှီ ကိုယ်ဟာအညံ့ပန်းဘဝပါ
ယူမသွားနဲ့လိုအပ်ရင်လမ်းနံဘေးမှာ အညံ့ပန်းလိုလူကမရှား

1:06 AM 4/29/2013
စိုင်းထီးဆိုင်

No comments:

Post a Comment