Saturday, April 20, 2013

သိလျက်နဲ့


ရေး - ညီညီသွင်
ဆို - ဒီလေး

ယူပါ အတင်းပဲထိုးလို့ပေးတော့ မယူရင်ရိုင်းပျသွားမှာစိုး ကိုယ်သွားဖြဲပြလို့
မရတော့တဲ့အခါ အလိုလိုယူခဲ့ရတယ်
တမင်တကာကိုယ်အတွက် ခင်းကျင်းထားသလို
ပျူငှာထမင်းသားပွဲတွေကို ကိုယ်ဆေးကြောလက်နဲ့ အခန့်သင့်တဲ့အခါ
မြိန်သလိုဟန်လုပ်ရတယ်
လာပါလမ်းကလေး ခင်းလို့ပေးတော့ ခြေလှမ်းဖို့
ခက်နေလည်း ကိုယ်ထပ်ထပ်ငြင်းလို့မရတော့တဲ့
အခါ ခေါ်ဆောင်ရာလိုက်ခဲ့တယ် သူတို့ပြောတဲ့
အတင်းအဖျင်းထဲမှာ ကိုယ်ဟာတစ်ခုမှရစရာမရှိ
ကာယကံရှင်ဖြစ်တဲ့ ကိုယ့်ဘက် အမည်းစက်မရှိတာကိုယ်သာအသိဆုံး
လူတွေ (ဝိုင်း)၃ လို့ဟားတိုက်မှာသိတယ်
အရာရာ (ရှုံး)၃ ရှုံးရတဲ့ဘက်မှာရှိတယ်
(အချန်တိုင်းမှာ)၃ ကိုယ်ခေါင်းငုံနေရတယ်
ကံရုပ်သေးရုပ် ကိုယ်ရဲ့ဘဝကို ဘယ်သူကြိုးဆွဲခဲ့ပြီလဲ ကိုယ်တိုင်သိလျှက်
ညှိလို့မရတဲ့ပုစ္ဆာ အဖြေကိုနာကြည်းလွန်းတယ်
ပေလို အထုအနှက် ဘဝရဲ့အောက်မှာ ကိုယ်လေခါးစည်းကျိတ်ခံမယ် သန့်ရှင်းတဲ့နေ့ရဲ့
အပွေ့အဖက်အရသာ အမှောင်ကိုဖယ်ရင်း
စောင့်မယ်

11:08 PM 4/22/2013

No comments:

Post a Comment