Saturday, April 20, 2013

လောကသစ်


ရေး - ဇဝါ
ဆို -

ဟဲလို ဟဲလို ကြယ်တွေရယ် အဝေးက အလင်းတန်းနဲ့ လှမ်းကြို
ခြောက်သွေ့တဲ့ အိမ်ထဲ အရင်ဘဝကို ငါငြီးငွေ့ခဲ့ရ

ငါအိပ်မက်များအတိုင်း အသက်ရှင်မယ် ငါမြင်နေတာတွေကို မေ့ထားမယ်
မီးခိုးငွေ့တို့နဲ့ မျောပါကာရယ် အခုညတော့ လောကသစ်သို့ လှမ်းလာမယ်
ပြတင်းပေါက် ပိတ်လို့ထားတဲ့ မနက်မတိုင်မှီ
တိမ်စိုင်တွေလို ငါဟာ နေချင်ခဲ့ပြီ
အတိတ်ကြောင့် မောပန်းရတဲ့ စိတ်တွေဟာ
အခုညတော့ လောကသစ်သို့ လှမ်းလာမယ်
လောကသစ်သို့ လှမ်းလာမယ် အခုညတော့ လှမ်းလာမယ်

အမြဲတမ်း ရှုပ်ပွတဲ့ အိပ်ရာမှာ ဒီပြာတွေလို ငါဟာ ကြေမွဆဲပါ
အို စွန့်ပစ်ထားရစ်တဲ့ ငါ့ရင်ဟာ အခုညတော့ လောကသစ်သို့ လှမ်းလာမယ်

ဆေးသားလွင့်ပျက်ခဲ့တဲ့ ဓါတ်ပုံတွေ အပြာရောင်ဒိုင်ယာရီတွေ သေဆုံးနေ
အားလုံးမေ့ဖျောက်ထားရင်း ငါ့တစ်ယောက်တည်း
အခုညတော့ လောကသစ်သို့ လှမ်းလာမယ်
လောကသစ်သို့ လှမ်းလာမယ်
အခုညတော့ လှမ်းလာမယ်

အတွေးတွေက နောက်ဘဝကို ထွက်ခွာ
ကြမ်းပြင်ကို လှမ်းကြည့်ပလိုက်တော့ ချောက်ထဲမှာ
နင်းလိုက်တဲ့ ခြေလှမ်းများက အင်အားမဲ့
အားလုံးက ပျောက်ဆုံးသွားတဲ့ အရိပ်များပဲ
7:31 PM 4/22/2013

No comments:

Post a Comment