Sunday, April 7, 2013

ဖြစ်တတ်တဲ့တစ်နေ့ 

ရေး - အရိုး
ဆို  - ချစ်သုဝေ

နှိုးစက်ကနှိုးမှ ငါ ကိုးရိုးကားရား နိုးထ
ခေါင်းထဲကတွေးမိတာ ကျောင်းသွားဖို့  ငါနောက်ကျ
ယောက်ယက်ခတ်ပြေးလွှားကာ ခေါင်းစုတ်ဖွားနဲ့ စဉ်းစား
ကျောင်းရောက်မှ ရုံးခန်းမှာ ရှင်းပြရရင်ကောင်းမလား
ကားထဲက ကက်ဆက်မှာ ထိုးထည့်လိုက်တယ် Green Day
အားလုံးလည်း နားငြီးမယ် Alternative Runway
ဟိုရှေ့ က မီးပွိုင့်ကို ဝိုးတိုးဝါးတား လှမ်းတွေ့ 
အခုတပ်တဲ့ ငါ့မျက်မှန် ပါဝါလိုနေသလားဟေ့

ကျောင်းထဲက Shack Shop မှာကြိတ်ကြိတ်တိုးတဲ့ Morning
အားလုံးရှေ့ ကကြားဖြတ်မယ် everybody sorry
မိုးလင်းတိုင်းဖြစ်တတ်တဲ့ ဒုက္ခကြီးလည်း ရှင်းအပြီး
လောကကြီးကောင်းသွားပြီ နေသာထိုင်သာဖြစ်
Lip Stick နဲ့ ကားသော့ကို အိပ်ကပ်လေးထဲ ထိုးထည့်
နောက်ကျတဲ့ ငါ့ဖိနပ်တွေ Theater ဆီဦးလှည့်
တိုးတိုးလေး နောက်ကဝင် အတန်းထဲရောက်မှ စိတ်ပျက်
ကျောပိုးအိတ်အောင်းလေးက အိမ်မှာ ကျန်ရစ်နေခဲ့
ဒါ ဖြစ်တတ်တဲ့ နေ့ တစ်နေ့ 

No comments:

Post a Comment