Sunday, April 7, 2013

နှစ်ပတ်လည်

ရေး - Banny Phyo
ဆို - Banny Phyo

တန်ဖိုးထားရမယ့် အချစ်တစ်ခုကို ငါတွေ့ချိန်
ဘယ်နည်းနဲ့ဖြစ်ဖြစ် မင်းအနားက ငါမဝေးချင်
တို့နှစ်ယောက်ရဲ့နေ့တွေ တို့နှစ်ယောက်ရဲ့အတွေးတွေ
တချိန်ချိန်ဆိုတာမှာ အနီးစပ်ဆုံး Baby
ဟိုးတုန်းကနမ်းရှိုက်ခဲ့ဖူးတဲ့ မင်းနှုတ်ခမ်းပါးလေးလွမ်းနေ
မိုးတို့လင်းတိုင်း ဖုန်းဆက်နိုးခဲ့ မင်းရဲ့ဖုန်းလေးလွမ်းနေ
ငါပေးခဲ့အနမ်းတွေ နင့်ပါးလေးတဝှိုက်အနှံလေ
ဘယ်လိုဖြတ်သန်းမလဲ တို့နှစ်ယောက်အပတ်စဉ်တွေ့တဲ့ Monday
အချိန်များလည်း ပြောင်းသွားခဲ့ပေါ့ ဆောင်း နွေ မိုး
နေ့တိုင်းပဲ မင်းရဲ့စကားလေးများလည်း အောက်မေ့လို့
ရောက်ဖို့သိပ်မလို နှစ်ပတ်လည် Valentine ကို
ပြန်လာနိုင်မလား ငါလေစောင့်နေလို့
နင်မေ့လို့ရမလား ငါတော့ မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူ လက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ
ဖြေသိမ့်လိုက်ဦး အချစ်ရေ ငါတို့ဝေးနေတုန်း
ယုံကြည်နေဆဲ Baby တစ်နေ့တို့နီးမယ်လို့
ရည်ရွယ်တသက်လုံး ကမ္ဘာမြေပျက်သုန်းလို့
သွားသည့်တိုင် မင်းရဲ့ အနမ်းများဆက်ဦးမလို့
ငါ့ရဲ့အတွေးတွေ လွင့်ပျံလို့ ဟိုးအဝေးကြီးက မင်းထံသို့
တမ်းတဆဲပါ မင်းသဏ္ဍာန် မင်းဟန် မင်းအနမ်း မင်းအသံတို့
1:36 AM 4/19/2013

No comments:

Post a Comment