Sunday, April 7, 2013

မင်္ဂလာဆောင်ကိုရွေ့လိုက်တော့

ရေး - ဟန်ထူးလွင်၊ ရဲမြင့်သူ
ဆို - Big Bag

နှစ်ယောက်တည်းပဲ နေချင်ပြီ မင်းကပြောတော့ ငါလက်တွေ့ ကျကျ
စဉ်းစားကြည့်ဖို့   လိုလာပြီပေါ့ စိတ်ကူးထားတာတွေဟာ
ဘယ်လိုမျိုးလဲ ဖမ်းဆုပ်မရတဲ့ အိပ်မက်တစ်ခု နင်လိုချင်ခဲ့

အတွေးထဲမှာတော့ မီလျံနာကြီးပဲ ဟိုနား ဒီနားသွားရင်
မာစီဒီးနဲ့  အင်းယျားမြိုင်ထဲမှာ ခြံအကျယ်ကြီးရယ်
မင်္ဂလာဆောင်ကို ရွေ့ လိုက်တော့
ငါသူဌေးကြီးဖြစ်တဲ့ အချိန်ကို စောင့်လိုက်ပါတော့ …

သူများရဲ့ မင်္ဂလာဆောင်အားကျပြီးတော့ ဈေးကြီးပေးပြီး
လက်ထပ်ရမှ နင်ပျော်မှာပေါ့ မင်းဖြစ်ချင်တာဟာ ဘယ်လိုမျိုးလဲ
မိုးလောက်ကြီးတဲ့ မင်းရဲ့ အတွေးများ တော်ပါပြီဟေ့ …

အကောင်းဆုံးလို့ ပြောတဲ့ ဟိုတယ်ကြီးထဲ စိန်ပေါင်းမြောက်မြားစွာ
ဝတ်ကာ အပေါ်ယံများနဲ့ သိန်းသုံးဆယ်ကျော်တန် ဂါဝန်ကြီးရယ်
မင်္ဂလာဆောင်ကို ရွှေ့ လိုက်တော့ နင်အဘွားကြီးဖြစ်မယ့်အချိန်ကို
စောင့်လိုက်ပါတော့

Big Bag

No comments:

Post a Comment