Wednesday, April 10, 2013

ကျောင်းဖွင့်ချိန်


ရေး - စတုန်း
ဆို - Bambino

ဒီလိုပဲ ခြောက်သွေ့တဲ့နေ့တွေ ဖြတ်သန်းရင်းကုန်ပါစေ ငါ့ရင်ထဲ အလွမ်းကြောင့်ပဲ မရပ်တမ်းပဲ တုန်ကာနေ ဒီလိုအချိန်ဆို ကျောင်းတက်ကာ သူငယ်ချင်းတွေနဲ့ အတူတူနင်နဲ့ငါ ပျော်စရာ
သတိရမိတယ် ငါ့ခေါင်းထဲ မှတ်လို့ထားတဲ့ စကားအားလုံးက သတ်မှတ်ကြတဲ့ နင့်အပြစ်က ချစ်သူ
အပြစ်တွေမယုံနဲ့ ကျောင်းပိတ်ရက်တွေ ရောက်မှာကြောက်မိတယ် ကျောင်းဖွင့်မယ့်ရက်ကို မျှော်ကာစောင့်မိတယ် ပူလောင်တဲ့ နေ့တွေ အဆုံးသတ်ဖို့ ယူဆောင်လာပါတော့ မိုးစက်တွေ ငါတို့နှစ်ယောက် လျှောက်လို့သွားမယ် မိုးရွာထဲမှာ အချို့ရက်တွေဒါတွေကို တွေလို့ ပျော်ကာနေမယ် အသက်ရှုသံတွေ ရပ်လို့သွားပါစေ

ပူအိုက်လွန်းတဲ့ အတွေးနဲ့ ဆွေးနေဆဲ ကြင်နာစွာနဲ့ မိုးလေး ပြေးလာတယ်
ဝဿန်ဦးရဲ့ မိုးစက်လေးတွေထဲ ပျော်ရွှင်လာတဲ့ အတွေးများ ရောက်လာတယ်
ခင်မင်စွာနဲ့ စောင့်လို့ကြိုမယ် ကြင်နာတတ်သော တို့ရဲ့ဆရာများ
ဝေးနေကြတဲ့ သူငယ်ချင်းများအလယ်
ယုံပါသက်ထား လွမ်းလှချည်ရဲ့ ကြွေအောင်လိုက်ပြီး ပြောခဲ့သူလေး တွေးလို့ရင်မှာ ကြွေသွား
ခြေလှမ်းလေးတွေကို မြင်ဆဲ ပြန်ဆုံမယ့် အချိန်ရယ်

လိုက်ရှာမိမယ်သိလား တန်ခိုးရှင်ရယ် ကျောင်းတော်ထဲမှာ ခြေလှမ်းပျက်ပါစေကွဝ်
မိုးတွေထဲမှာလည်း ပြေးလာခဲ့မှာပဲ ကြိုနေပါကွယ် ချစ်တဲ့သူရယ် ကျောင်းဖွင့်ချိန်ဝယ်

လိုက်ရှာလည်း မတွေ့နိုင်ခဲ့ ခြေလှမ်းတွေမမေ့နိုင်ခဲ့ ကတိစကားတွေ မမေ့နိုင်ပဲ
ယုံချင်နေဆဲ နင်ပြောတဲ့ ပုံပြင်တွေထဲမှာ အဟောင်းအသစ်တွေနဲ့
အကောင်းမဖြစ်ပေမယ့် တွေ့ချင်တယ် ကျောင်းဖွင့်ချိန်ထဲ ရင်ထဲမှာ
တစ်ဆောင်းသစ်နေဆဲ ဘယ်မှာလဲ ငါတကျော်ကျော် အော်ကာခေါ်ခဲ့
နင်ပြန်လာမယ့် အချိန်ကိုစောင့်ကာမျှော်တဲ့ ငါ့ဖက်ကို တစ်ချက်လောက်တော့
လှည့်ကြည့်ပါဦးလား တို့နှစ်ယောက် အတူတူဆုံဖို့ ခက်လို့ ဆက်ချစ်ကြဦးမလား

နေခြည်သန်းတဲ့ ကျောင်းဖွင့်ရက်မှာကွယ် တည်ငြိမ်စိတ်ထား အတွေးများ ရောက်လာတယ်
ဟန်ဆောင်ထားတဲ့ တို့မျက်ဝန်းများလည်း တုန်ရီနေတဲ့ဇောလေး ပုန်းနေတယ်
ဘယ်ဆီကိုများ ရောက်နေလို့လည်း ဣနြေ္ဒမဆည်ဘူး လိုက်လို့ရှာဆဲ အသည်းလေး တုန်ကာ ရင်မောတယ်

11:39 AM 4/21/2013

Bambino

No comments:

Post a Comment