Wednesday, April 10, 2013

ပွင့်လင်းစွာပြော


ရေး - J Me
ဆို - J Me

မင်းဘာကောင်လဲ ငါဘာကောင်လဲ ငြင်းစရာမလို အားလုံးရဲ့အမြင်မှာ အရမ်းရှင်းတာမို့ စိတ်ထဲကြိတ်တင်းကာငို ရင်ထဲမှာ ပျင်းလာလို့ လူတစ်ယောက်ကို သရော်မယ်ကြံစီ မင်းငါတို့ မင်းဘေးမှာအဖော်မဲ့ပြန်ပြီ အာရုံတွေစိုက်လိုက်ခဲ့ပါအသားတွေနဲ့ လမ်းဘေးက စရိုက်ရဲ့အထာ နားမလည်ပဲလာမရှုပ်နဲ့ မျက်လှည့်လို အကွက်ရွေ့တာထက်သာအောင် မင်းဘာလုပ်မလဲ ဘော်ဒါအချင်းချင်း လာနှိမ်ပြလို့ အထင်ကြီးမယ်ထင်လား ရန်သူအစစ် မင်းဘေးနားမှာ မင်းဟာငါ့အတွက် ကလေးကစားစရာ ဒါတွေကြိုတွေးထားသလား အဆိုးအကောင်းတို့ အခြေအနေကြည့် ပေတေပြီး ပုံစံက မူးယစ်တိုက်ဖက်ကြော်ငြာထဲက အရိုးခေါင်းလို ဘဝပျက်နေတော့ မင်းစတဲ့ဇတ်မင်းဟာမင်း ကလို့မဝလည်း ဆက်ပြီး ကလျက်သေပေါ့ လမ်းပျောက်လို့ အရူးတစ်ယောက်လို ပြစ်မှားတဲ့ အပြစ်များနဲ့ ငါ့စေတနာတွေက စူးရောက်လို့ လွတ်မြောက်ဖို့ အခွင့်အရေးမရှိ နားတွေကို စွင့်ပေးပြီး ရူးနေတဲ့ မောင်ဂျေမီက အရူးတွေအကြောင်းသင်ပေးမည်

Yo! J to the M E ပွင့်လင်းစွာပြော ငါဘာတွေဆိုရမှာလဲ
Yo! J to the M E ပွင့်လင်းစွာပြော အရူးပဲ

မှားနေတဲ့အမှားတွေလည်း မှားနေဆဲ တားမနေနဲ့ငါ့ကို စိတ်ပျက်နေခဲ့အချိန်ထဲမှာ ပျော်စရာတွေများနေတဲ့ဘဝမို့ ရှင်းလင်းစွာ ဖော်ပြခဲ့ မင်းနဲ့ငါ အိပ်မက်တွေလည်း ပျောက်ဆုံးဖို့ အကြောင်းအရင်းမဲ့ ငါ့ပါးစပ်ကို ပိတ်လျက်မနေခဲ့ ဖွင့်ဟလို သီဆိုကာပြော ငါ့ Hip Hop ဒီလိုအထာပေါ့ လူငယ်တွေကြည်ညိုလာတော့ မင်း အာရုံစိုက်ရပြန်ပြီ မင်းဘက်ကိုပါလာအောင် ကြံစည်ဖို့ Anti Hip Hop VCD လည်းရိုက်ရပြန်ပြီ လူပြိန်းတွေကြိုက်ကြပြန်ပြီ Rapper တွေစိတ်ဓါတ်မကျနဲ့ ကိုယ်စားပြု မောင်ဂျေမီ Lyrical Battle နဲ့ နှိပ်စက်မှာအမြဲ feeling တွေ ကြိတ်ပြီးတော့ မှိတ်ပြီးတော့လာခဲ့ ပန်းတိုင်နားရောက်နေပြီ ဟော နေရာဟောင်းအောက်မေ့ပြီးတော့ အမြင်တွေစောင်းကာ အခုချိန် မင်းလည်း ကြောက်နေပြီပေါ့

Yo! J to the M E ပွင့်လင်းစွာပြော
ပြစ်မှားနေ မှားနေ မနာလိုစကားတွေ ငါကြားနေဆက်တိုက်
Yo! J to the M E ပွင့်လင်းစွာပြော
မင်းခေါင်းထဲမှာ မှတ်ထားဖို့က Hip Hop အထင်မသေးနဲ့ ငါ့ညီ
11:21 AM 4/21/2013

No comments:

Post a Comment