Saturday, April 6, 2013

အိပ်မက် မက်ခွင့်ရယုံနဲ့ ကျေနပ်ရသူပါ

ရေး - အငဲ
ဆို - ကြိုးကြာ၊ စင်ဒီ

အိုး အိပ်မက် မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ
ဘာကြောင့်လဲ ဘယ်ကတည်းကလဲ
ဘာမှ မသိပါ ငါ့စိတ်ထဲ
ငါ့ရဲ့နံဘေးနား မင်းရှိရင်
ငါကြည်နူးတယ်]
အသန့်ရှင်းဆုံး နင်ပြုံးလိုက်တိုင်း လှုပ်ရှားမိတဲ့ နှလုံးသားဟာ
အလိုလို အပြစ်ဆူး စူးရပြီ
နာကျင်လို့ရယ်

ဘာပဲဖြစ်ဖြစ်ပါ ဘာပဲ ဖြစ်ဖြစ်ပေါ့
တစ်ဖက်သတ်ဘဝပါ
ဘယ်သူမှ မသိအောင် တိတ်တခိုးလေး ချစ်မယ်
တိတ်တခိုး ရင်ခုန်

ဖြူစင်တဲ့ တဖက်သတ် အချစ် စေတနာရေစီးရင်းလေ
ချစ်တဲ့ နင့်စိတ်ချမ်းသာဖို့ ငါပေးဆပ်ချင်တာ
တစ်ကယ်ပါ ကိုယ်ကျိုးစွန့် ဘာမှ မမျှော်လင့်ဘူးလေ
အိမ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ

နင်မသိလည်း ဘာမှမဖြစ်ဘူး
ရင်ထဲချစ်မယ် တိတ်တဆိတ်ပေါ့
ပျော်ရွှင်နေတဲ့ နင့်မျက်နှာမြင်နေရရင်
ငါတကယ်ကျေနပ်တယ်
စေတနာတွေ စော်ကားနေသလို
ထင်မိတဲ့အခါ စိတ်အားငယ်
ကွယ်ရာငိုရင်း ခွင့်လွှတ်နေ ကိုယ်တိုင်နားမလည်
အချစ်က သိပ်ဆန်းကြယ်

ငါဟာနင့်အတွက်ပဲ ဒါပေမယ့်
ငါ့အတွက် ရရှိဖို့တော့ ဘာမှမလိုချင်ဘူးနော်
ငါဖန်ဆင်းတဲ့ မြစ်တစ်စင်း တစ်ဖက်ထဲ စီးဆင်းနေမယ့်
အကြင်နာမြစ်ရေ တသွင်သွင်ပေါ့ ငါစီးနေမှာ

နူးညံ့တဲ့ တစ်ဖက်သတ်အချစ်
စီးဆင်းနေမယ့် မြစ်ရေ
ချစ်တဲ့နင့်စိတ်ချမ်းသာဖို့ ငါပေးဆပ်ချင်တာ
စေတနာ ရင်ထဲမှာ
နင့်အတွက် ကိုယ်ကျိုးစွန့်ချင်
ဘာမှမမျှော်လင့်ဘူးလေ
အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ
ငါတကယ်ကို ကျေနပ်တာ

No comments:

Post a Comment