Saturday, April 6, 2013

ဖုတ်လှိုက် ဖုတ်လှိုက် (ခ) ဖုတ်လှိုက် လှိုက်လှိုက်

ရေး - စိုင်းစိုင်းခမ်းလှိုင်
ဆို - စိုင်းစိုင်းခမ်းလှိုင်၊ သီရိဆွေ

နားထောင်ပါသူငယ်ချင်း Frenzo Production ကနေ နောက်တစ်ခေါက် တင်ဆက်လိုက်တယ်
ဟေး ဒီမှာ S.A.I စိုင်းစိုင်းနဲ့ မိုးမိုး လုပ်ချလိုက်ပြန်ပြီ

ရုတ်တရက်အိပ်ရာနိုး အပေါင်းအသင်းတွေ စောင့်နေလို့ အခုချက်ချင်း လာခဲ့မယ်လို့ ညာဖြီးအာရွှီးလို့ရေချိုး
ဗရုတ်သုတ်ခ ရှုပ်ပွအခန်းထဲ လှည့်ပတ်ပြီး သီချင်းတွေဆို ခဏလောက်အပျင်းပြေဖို့ မနေ့ညက အရှိန်အကင်းမသေလို့ ရှပ်အကျီ ဘက်ဂီဘောင်းဘီ ဦးထုတ်နဲ့ Air Force Nike ဝတ်ပြီးတော့ အဆင်ပြေသွားပြီ အပြင်ကိုသွားမယ် ကန်တော်ကြီး ဟိုးဆရာ Stage Show ရှိတယ် စနေနေ့မို့ လူအများကြီးပဲ အရှေ့ကြည့်နောက်လှည့်ကြည့် မျက်ဝန်းတစ်စုံက ငါ့ကိုကြည့်တယ်

သူ ရင်တွေခုန်တဲ့ သူ ရီဝေဝေရစ်မူး နောက်ထပ်မရှိဘူး ငါကြိုက်တဲ့သူ ဟူး ငါကြိုက်တဲ့သူ

၃၄ ၂၄ ၃၆ အလှအပအရပ်အမြင့်က ၅ ပေ ၆ ကြွကြွရွရွလမ်းတွေလျှောက် ရူးလို့ငါ့မှာဂေါက် ဖိနပ်အမြင့်က ၃ လက်မထူသည် ပုခုံးထက်မှာ အိတ်တစ်အိတ် Gucci ခြေသလုံးသားက ဝင်းလက်လို့ဖြူသည် အတွေးထဲမှာ Queen of Beauty အနား နား နား တဖြည်းဖြည်းတိုး အချစ်သီချင်းတစ်ပုဒ်ပေါ့ Nice and Slow နင်အသုံးချပါ ကြိုက်သလို ဒီရင်ဘတ်ကြီးက လှိုက်ကာဖို ဖုတ်ဖုတ်ဖုတ် ဖုတ်လှိုက် ဖုတ်လှိုက် ကျောက်ရုပ်လို ငါ့မှာ မလှုပ်နိုင် စိတ်ဓါတ်တွေ အထိန်းအကွပ်မဲ့ သူရဲ့ ရေဒါထဲက ရုန်းထွက်ဖို့ခက်

မျက်စေ့ကိုဖွင့်ကြည့်ပါ မင်းရှေ့မှာ အမြဲတမ်းငါ
ကြင်နာနေမယ့်သူ မျက်စေ့ကိုမှိတ်လိုက်ပါ
မင်းအတွေးထဲမှာ ငါလာနေမှာပေါ့
ကောင်လေး မင်းမငိုနဲ့တော့ အကုန်လုံးထက်ပို ငါချစ်ပြမယ် ငါချစ်ကြမယ်
မင်းလေးအိပ်ပျော်အောင် ငါချော့သိပ်ပေးမယ် Baby
နောက်ဆုံးအချစ်ပေါ့ နောက်ထပ်မရှိဘူး

တိတ်တခိုးအချစ်က ကြိတ်ပိုးဖြစ်
အဘိုးအဖွားခေတ်မှာ ချန်ကာထားရစ်
မြင်မြင်ချင်း အချစ်ကို စိတ်မဆိုးသင့်
ဒါလူ့ဘဝ အမှန်တရား အသစ်
ချစ်ရင်ချစ်တယ် မုန်းရင်မုန်းတယ်
အလွမ်းတွေ အဆွေးတွေ အလုပ်ကို ရှုပ်တယ်
စိတ်ထဲမှာ ရှိတာလုပ်မယ် ဟုတ်တယ်
ထိန်းချုပ်ရတာ ငုတ်တယ်
မင်းနဲ့ချစ်မယ်ဟေ့
မင်းနဲ့ လန်းမယ်ဟေ့ လန်းစို့
အချစ် အနမ်း အနှစ်အသိမ့် အယုအယ ဘဝကလှတယ်

No comments:

Post a Comment