Saturday, April 6, 2013

မယားကြောက်

ရေး - ရန်ရန်ချမ်း၊ ဇေယျာသော်
ဆို - အက်စစ်

ပုံစံကို ကြည့်တော့ မိန်းမကြောက်နေသလိုပဲ အရင်ကနဲ့မတူ
မင်းပုံစံအခုတော့ ဘယ်လိုလဲ ဒါတွေထား မင်းသိတဲ့ စကားတွေပြော နားထဲခါး ထားခဲ့တဲ့ ရည်းစားတွေအကုန်
နီးပါး မင်းကကြော အခုတော့ မင်းမိန်းမကြီးက မင်းကိုကော တစ်ခုခုလုပ်မယ်ဆို မိန်းမကိုပြော အားလုံးကိုပေါ့ ကြွားလုံးကိုလျှော့ လာမဖြီးနဲ့ အားလုံးမယုံတော့ မင်းဖြီးတာ ပုပ်စော်နံတယ် သကြားလုံးငုံပြီးပြော မင်းပေါင်းလာခဲ့တာ အရင်က အပေအတေကြီးပဲ အခုမှ အခြေတွေကြီးလည်း ဟန်ဆောင်ပြီးနေ ဣနြေ္ဒကြီးနဲ့ အထာတွေမို့ ဘာတွေကိုလုပ်ကြံပြီး မိန်းမကိုချွဲနေဦးမယ် သည်းနေဦးမယ် ငါကလည်းမင်းကိုပြောနေဦးမယ် မိန်းမက သံရည်ပူလောင်းထည့်တယ် နေ့စဉ် မင်းနားထဲ မစဉ်းစားပဲ အပေါင်းအသင်းတွေနဲ့ ပတ်သက်ပြီးတော့ အချင်းများခဲ့ မိန်းမက ထိုင်ဆိုထိုင် ထဆိုထလုပ် မင်းဘဝလည်း ငါ့တို့တွေ နေ့စဉ်လှောင်ရင်း အတင်းချဆဲ

မိန်းမကြောက်တယ် ဟုတ် မိန်းမခိုင်းတာလုပ်

လက်ပိုက်ပြီး ငြိမ်နေလိုက်ပါ မိန်းမပြောသမျှ ခေါင်းငုံပြီး ခံနေတတ်တဲ့ မင်းရဲ့ သဘောထား ခိုင်းသမျှသာ လုပ်လိုက်ပါ မိန်းမသဘောကျ ဆက်ပြီးတော့ နားထောင်လိုက်ပေါ့ မိန်းမပြောစကား
ထားရာနေစေရာသွားတဲ့မင်းဘဝက ပျင်းစရာကောင်းတယ် ဒီလိုပုံစံမျိုးနဲ့ မင်းလည်းငါ့ကို လာမပေါင်းနဲ့ မင်းသိအောင်ငါတို့ပြောမယ် ဘော်ဒါပေါ်တော့ လာမစောင်းနဲ့ မင်းမှာသာ မိန်းမမရှိရင် အားကိုးရာမဲ့ မင်းဘဝကို ကိုယ်တိုင်ဖျက်ဆီး သိက္ခာမဲ့အောင် လုပ်နေပြီး အားလုံးက မင်းရဲ့အကြောင်းကို ဝိုင်းဟားနေတာ မင်းမသိ လုပ်သမျှ အရာရာတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိ လုပ်သမျှ အရာရာတိုင်းဟာ စိတ်ပျက်စရာတွေနဲ့ အတိ မင်းဘဝကြည့် အဓိပ္ပယ်မဲ့ စဉ်းစားတတ်တဲ့ ဦးနှောက်ဆိုတာ ဘယ်မှာလဲ
ငါတို့အားလုံး မင်းအတွက် ဝိုင်းဝန်းစဉ်းစား ပူပန်အမြဲ မင်းကတော့ မိန်းမကိုကြောက်နေဆဲ

ဟေ့ကောင် ငါပြောမယ် သေချာနားထောင်
ပြောတဲ့စကာမှန်တယ်ဆို ပဲ့တင်သံတွေ ကြားယောင်
အလကားကောင် မင်းသိတာ မိန်းမကို နှိပ်ပေးမယ်
ဘာဖြစ်လဲ သိပ်မတွေးနဲ့
လမ်းထွက်ရင် ချိုင်းညှပ် မိန်းမအိတ်ကလေးနဲ့
ငါလမ်းမှာ ကြားနေရတယ် မင်းသတင်းလဲ
တစ်ချို့တွေခေါင်းခါ နှာခေါင်းရှုံ အဲဒါမင်းအရည်အချင်းပဲ
ထားပါ ဒါတွေရှုပ်တယ် မင်းဝန်ခံတယ် ဟုတ်တယ်
အဲဒါဆို မင်းကို ငါတို့ ဘော်ဒါစာရင်းကထုတ်တယ်

မင်းဘဝမှာ မင်းလုပ်သမျှကို မင်းမိန်းမက ချုပ်ချယ်
မင်းဘဝကို မင်းမပိုင်တာ မင်းကိုမင်းလည်းသိတယ်
မင်းဘဝက အသုံးမကျတာ မင်းဘဝမင်းနားလည်
ရှင်းမပြနဲ့ သုံးမရတဲ့ မင်းဘဝအကြောင်းလည်း
မိန်းမတွေ ဘဝင်ခိုက်အောင် ပုံစံအမျိုးမျိုးပြောင်းနေလိုက်
ဒီလို စရိုက်တွေကို ငါတို့တစ်တွေက မကြိုက်နေလို့ မင်းဘက်က ဂရုမစိုက် မင်းဘက်က ဂရုမစိုက်
ဒါဆိုရတယ် ငါတို့ပြောမယ်
အိပ်ရာဝင်တိုင်း ရှိသာ ခိုးလိုက်

(စာရိုက်နေရင်း Hip Hop သဘာဝကို နည်းနည်းနားလည်လာသလိုပဲ၊ လက်စသတ်တော့ ရန်တွေ့တဲ့ ဂီတကိုး.......(စိတ်မဆိုးကြေးနော))

No comments:

Post a Comment