Monday, March 25, 2013

ပြောခွင့်မရတဲ့အဖြစ်

ရေး -
ဆို - ဟဲလေး

မင်းမရှိတော့တဲ့နေ့ရက်တွေထဲ ဟောင်းနွမ်းသွား
ခါးသီးဆုံးသောအဆွေးတွေလည်း ကိုယ့်မှာလွမ်းလိုက်ရ
အတွေးတွေထဲမှာလွင့်မျောဆဲ (မျောလွင့်ပေါ့)
တို့ဟာမင်းနဲ့သက်ဆိုင်ဦး (မျောလွင့်ပေါ့)
မင်းကိုချစ်တဲ့အကြောင်းလေးတစ်ခွန်းလောက်
တို့ကိုပြောခွင့်ပြုပါလား..

မင်းနဲ့တွေ့ရတဲ့အချိန်လေးတွေရယ်
ကိုယ်လေမှာလွင့်မျောချင်တယ်
ကြွေဝါရွက်လေးတွေနဲ့
ချစ်ရက်တွေထဲမျောလွင့်သွားမယ်

အားပေးတဲ့အသံလွင့်ပျံနေ
မဆုံနိုင်ပါ တို့ဝေးချိန်လေးဝယ်
ကိုယ်လေပိုခံစားလာတယ်
အိပ်မက်ငယ်

မင်းအမည်လေးပဲခေါ်ရင်းနဲ့ ရင်ခုန်လှိုက်မော
မင်းအသံလေးပဲ တို့ကြားဆဲ လေပြေမှာမျော
အချစ်ရနံ့လေးများ လေထဲလွင့် တိမ်လိုလွင့်မျော
မင်းပြန်ရောက်မယ့် ဒီရက်လေး စောင့်နေဆဲ/စောင့်နေဦးမှာ

မင်းကို သတိရတဲ့အချိန်လေးတွေရယ်
ကိုယ်နာကျင်ကြေကွဲနေခဲ့တယ်
ရင်မှာပိုခံစားလာတယ်
အိပ်မက်တွေထဲမျောလွင့်သွားမယ်

ချစ်တတ်ရင်ကိုယ့်ရဲ့ရင် မင်းအရောက်ပြန်လာပေါ့
မင်းမရှိရင် ကိုယ့်ဘ၀ဟာ မပြည့်စုံချိန်တွေပေါ့
မဖြစ်နိုင်တော့တဲ့ အချိန်များဟောင်းအိုနေချိန်တော့
မင်းပြန်ရောက်မယ့် ဒီရက်လေး စောင့်နေတုန်း/ဆဲပါ

တို့.. တမ်းတတဲ့အချိန်များ မျှော်လင့်ရင်း
စောင့်နေတာကြာသွားတော့…
နာရီများပြောင်း ခြေရာများဟောင်း
အို.. ကြာလေပိုဝေး……… ဟား……….

7:17 PM 3/23/2013

No comments:

Post a Comment