Monday, March 25, 2013

ဆုတောင်းနေမယ်

ရေး -
ဆို - L ဆိုင်းဇီ

မမြင်ချင်လည်းပဲ မြင်တွေ့ရပြီးပြီ
မင်းရဲ့အချစ်များ အို ပေါများလွန်းပါလား
အခြေအနေမဲ့တဲ့ဘ၀ ချို့တဲ့လွန်းလို့လား
ကြုံနေရတဲ့ အခုအဖြစ်အပျက်ကို ရင်ကွဲစရာ

သူမချစ်ခဲ့တာ အရင်ကတည်းကသိလည်း
မျက်စိမှိတ်ပြီး အို ဇွတ်ချစ်ခဲ့တာအမှား
ကိုယ်ရဲ့အမှားကိုယ်ခံ အခုတော့ အသည်းကွဲပြီ
ဘာကြောင့်များ ဆက်ချစ် နေ နေဦးမလဲ

တကယ်ဆို မုန်းသင့်တာက ကြာခဲ့ပြီ
မင်းရဲ့ အသည်းနှလုံးတွေကို ပိုင်တဲ့သူ
ငြိမ်းချမ်းဘ၀တစ်ခုကိုလေ အတူတူဖြတ်သန်းရပါစေ
ငါလေဆုတောင်းပေးတယ်

ဒီရင်မှာ ရိုက်ခတ်လာတဲ့ မုန်တိုင်းတွေ
မငြိမ်းလည်း ကြိတ်မှိတ်ကာလေ ခံစားမယ်..
မင်းရဲ့ချစ်တဲ့သူနဲ့ ထာဝစဉ် လက်တွဲရပါစေ
နောင်ဘ၀မှ တို့နှစ်ယောက်တွေ့မယ်နော်..
ဆုတောင်းနေမယ်

သူမချစ်ခဲ့တာ အရင်ကတည်းကသိလည်း
မျက်စိမှိတ်ပြီး အို ဇွတ်ချစ်ခဲ့တာအမှား
ကိုယ်ရဲ့အမှားကိုယ်ခံ အခုတော့ အသည်းကွဲပြီ
ဘာကြောင့်များ ဆက်ချစ် နေ နေဦးမလဲ

တကယ်ဆို မုန်းသင့်တာက ကြာခဲ့ပြီ
မင်းရဲ့ အသည်းနှလုံးတွေကို ပိုင်တဲ့သူ
ငြိမ်းချမ်းဘ၀တစ်ခုကိုလေ အတူတူဖြတ်သန်းရပါစေ
ငါလေဆုတောင်းပေးတယ်

ဒီရင်မှာ ရိုက်ခတ်လာတဲ့ မုန်တိုင်းတွေ
မငြိမ်းလည်း ကြိတ်မှိတ်ကာလေ ခံစားမယ်..
မင်းရဲ့ချစ်တဲ့သူနဲ့ ထာဝစဉ် လက်တွဲရပါစေ
နောင်ဘ၀မှ တို့နှစ်ယောက်တွေ့မယ်နော်
ဆုတောင်းနေမယ်

ဟူး ဆုတောင်းနေမယ်  ဆုတောင်းနေမယ်

4:02 PM 3/20/2013

L ဆိုင်းဇီ

No comments:

Post a Comment