Monday, March 25, 2013

နေ၀င်သွားတဲ့အချစ်များ

ရေး -
ဆို - ဟဲလေး

ရင်ခုန်သံများ လုံးဝရပ်တန့်သွား
တို့ဝေးရမယ့်အချိန်ခဏ
တသက်လုံးအတွက်အလွမ်းတွေ
သူပေးသွား…

သာယာခဲ့သော တို့နှစ်ဦးဘ၀အိပ်မက်များ
အနာဂတ်ရဲ့နေ့ရက်များ
အကုန်လွင့်လို့ပျောက်ကွယ်
ဆိတ်သုန်းသွား

အားလုံးဖြစ်ပျက်သမျှ လက်ခံလိုက်ရ
ဆိုးဝါးလွန်းတဲ့ဘ၀ရဲ့မုန်တိုင်းကြား

အကြင်နာညနေခင်းလေးကြွေသွား
နေ၀င်ခဲ့ပြီတို့နှစ်ယောက်အချစ်များ
မှောင်မိုက်ခြင်းတွေဖုံးလွှမ်းတဲ့ည
အိပ်မက်ရဲ့သံစဉ်ခါး
တစ်ချိန်ကလျောက်ခဲ့လမ်းလေးပေါ်မှာ
ခြေရာလေးတွေလွင့်ပျောက်ကွယ်သွား
သာယာခဲ့တဲ့ မင်းနဲ့တို့ဘ၀များ
အိုစတေးခဲ့လေပြီလား အဝေးဆုံးမှာ..

7:17 PM 3/23/2013

No comments:

Post a Comment