Sunday, March 31, 2013

ဟုတ်လို့လား ဟုတ်ရဲ့လား

ရေး  -  ဆိုတေး
ဆို -  ဆိုတေး

နောက်ဆုံးမင်းထားခဲ့မှာ သိသားပဲ ငါသိပ်ချစ်ခဲ့သူပဲ
ပြုစုယုယ ကြင်နာပေးခဲ့တာ ဘာတွေလိုသေးလဲ

နင်ငါ့ကို အကြောင်းပြချက်မရှိလမ်းခွဲခဲ့တာ ဒါနင်ဘာသဘောလဲ
နင်မိဘများက သဘောမကျလို့တဲ့ လျှော်ပြီ ဒီအကွက်နဲ့
ဟုတ်လို့လား ဟုတ်ရဲ့လား ရိုးရိုးရှင်းရှင်းပြောပါကွာ
မလိုအပ်တော့ရင်လည်း ထားခဲ့လိုက်ပါ ကြည်ဖြူနေမှာပါ ....
ငါနင့်လို ရည်းစားများများ မထားခဲ့ဘူးတော့ စာတွေ မတတ်သေးခဲ့
နင်တစ်ယောက်ကို စွဲစွဲလမ်းလမ်း အရူးအမူး ချစ်ခဲ့တာ ....
ငါနင့်ကို လေးလေးစားစား သိပ်ချစ်ခဲ့တာ ဒါတွေနင်လည်း အသိ
ငါ့အသည်းကို ရက်ရက်စက်စက် နင်းချေသွားခဲ့တာ ...
နင်ကျေနပ်သေးရဲ့လား 




No comments:

Post a Comment