Sunday, March 31, 2013

တမိုးအောက်

ရေး -  ပူးစူး IMP
ဆို -  ပူးစူး IMP

လမင်းကြီးလဲ သိပါတယ်
ကြယ်စင်လေးလဲ သိပါတယ်
ဘယ်လောက်နင့်ကို ငါအရမ်းချစ်တယ်
ဘယ်လောက်နင့်ကို ငါမြတ်နိုးတယ်


တောင်တန်းကြီးလဲ သိပါတယ်
ပင်လယ်ကြီးလဲ သိပါတယ်
ငါနင့်အတွက်ဆို အချိန်မရွေးအသင့်ပဲ
ငါ အသက်ပေးဆိုတောင် ပေးဝံ့တယ်

အရင်လို အချိန်ပြည့်မတွေ့နိုင်လည်း
ရေမြေတွေ ခြားနားနေလည်း
ဒီကမ္ဘာမြေ ပြင်ရဲ့ တစ်မိုးအောက်တည်းမှာပဲ
ငါဆိုနေတဲ့ သီချင်းလေး မင်းကြားရင်ကွယ်
နင်လေ တစ်ယောက်တည်း ငိုမနေနဲ့နော်ကွယ်
တစ်မြေစီ ငါတို့ နှစ်ဦး ဝေးခဲ့ကြပေမယ့်
ရင်ခုန်သံချင်း တွယ်ဆက်ထားသလိုပဲ
ပြန်ဆုံမဲ့ရက် လက်ချိုးရေတွက်ရင်းနဲ့ အားတင်ထားနော်ကွယ်

No comments:

Post a Comment