Sunday, March 31, 2013

မယုံနိုင်ဘူး

ရေး - နောနော်
ဆို - အငဲ

ဘယ်သူမှမရှိဘူး ဒီအခန်းငယ်ထဲ
ကြေကွဲစရာများပဲရှိတော့သလို မင်းထားရစ်ခဲ့လို့ 

ညတိုင်း… ညတိုင်း… အရင်အတိုင်းလိုပဲ
ငါ့အနားမှာ မင်းရှိတုန်းကလို
ငါ အမြဲတမ်း တမ်းတလို့ 

သံယောဇဉ်မျက်နှာထောက်ပြီးတော့… နင်ပြန်ခဲ့တော့
ငါမင်းကို ဘယ်လိုမှ အပြစ်မပြောဘူး
တစ်သက်လုံးငါခွင့်လွှတ်နိုင်တယ်…

မယုံနိုင်ဘူး… နင်စွန့် ခွာသွားတဲ့နေ့ ကို
မယုံနိုင်ဘူး… သံယောဇဉ်ဖြတ်ခဲ့တဲ့ မင်းကို/ အိပ်မက်တွေဖျက်ခဲ့တဲ့မင်းကို
မယုံနိုင်ဘူး… ဒီအတိုင်းဇာတ်သိမ်းရမယ့်အဖြစ်ကို/ ဒီအတိုင်းဇာတ်သိမ်းမလား

တစ်ယောက်တည်း…ငါသေမိန့် ကျနေသလို
ဘယ်တော့ငါလောကကြီးထဲက…နှုတ်ဆက်သွားရမလဲ…
နင်နဲ့ငါနဲ့အကြောင်းတွေးမိတိုင်း ဒီမျက်ရည်ခဏခဏကျတတ်သလို…
လုံးဝမေ့မရဘူး

No comments:

Post a Comment