Monday, March 25, 2013

အတ္တအကျဉ်းသား

ရေး - ကိုင်ဇာ
ဆို - ကိုင်ဇာ

ငါမဟုတ်တဲ့ ငါရုပ်တွေနဲ့ ငါလုပ်ချင်ကြပေ
ငါမမှန်တဲ့ ငါအမှန်များ ဖုံးပိတ်မှောင်ကာနေ
ငါနဲ့ငါသာ နှိုင်းရာတုကင်း
ကြင်နာခြင်းတွေ စာနာခြင်းတွေ ညှာတာခြင်းတွေ
လူ့နှလုံးသားနဲ့ ကင်းဝေးနေပြန်ပါပြီလေ

ငါ့အိမ် ငါ့ရာ ငါသာကောင်းစားရေးအတွက်
ငါ့အကျိုးကြည့်ကြပေ
ငါ့သား ငါ့သမီးမကျန်ပေ ငါ့ဆွေငါ့မျိုး
ငါ့အကျိုးတစ်ရာ ငါ့ကမ္ဘာငါဆောက်
ငါ့တစ်ယောက်ထဲ အကောင်းမြင်ပါချင်နေ

ဘ၀တဏှာလွန်ကဲ နွံထဲနစ်မယ်လေ
မမျှတခြင်းတရားကြောင့်လေ
ဖဿအကျဉ်းသားဖြစ်မည်မသွေ
(လူနဲ့ပတ်ဝန်းကျင်)၂
အသွင်အကြောင်းအရပ်ပေါင်းစပ်မှီခိုနေ
တရားညှာငဲ့ပျိုး အများတကာရဲ့အကျိုး
အဆတစ်ရာ သယ်ပိုးတတ်ပါစေ

5:00 PM 3/20/2013

1 comment:

  1. တေးရေး ကိုင်ဇာ မဟုတ်ပါ။

    တေးရေးအမည် ရန်ကင်း ကိုကိုလေး ပါ။

    ReplyDelete