Monday, March 25, 2013

ကြိုးကြာသံ


ရေး -
ဆို - ခင်မောင်တိုး

မိုးဦးဝင်ရောက်လာတဲ့အခါ ရိုးမကို ဖြတ်ပျံရင်း
မြောက်ဘက်ကို ဦးတည်လှည့်ကာ
သားပေါက်ရာအရပ်ဆီ မိုင်ထောင်ချီ
ပျံလေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ
ခရီးစဉ်

မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ
လမ်းကြောင်းမှန် ရွေးချယ်ခြင်း
အနားနီးသူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ မိုင်ထောင်ချီ ပျံနေရင်း
ကြိုးကြာငှက်တချို့လေ. ချီလာစဉ်
ကျန်ရစ်ပြီ

ဆုံးဖြတ်ချက် တစ်ခုချမယ်..
အရှုံးနဲ့ အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့ အားနဲ့မာန်.
ဟန်နိုင်မှ

ရိုးမကို ဖြတ်ကျော်လွှားချိန်
စီးလမ်း လေကြောင်းလွှာထဲ
ချည်းနင်းဝင်ရောက်လာပြီးရင်
အားစိုက်မျှောလိုက်နဲ့ မိုင်ထောင်ချီ ပျံလေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

5:01 PM 3/20/2013

No comments:

Post a Comment