Monday, March 25, 2013

အလိုအပ်ဆုံး

ရေး -
ဆို - R ဇာနည်

မိုးစက်ပွင့်တို့နဲ့အတူ
ကိုယ့်အသည်းမှာ မင်းလေးရောက်လာ
မင်းအပြုံးလေးရဲ့နောက်မှာ
တွယ်ငြိရာ ကိုယ့်ဘ၀လေးဟာ
မင်းအကြည့်ကို သိမ်းဆည်းလို့သာ
အိပ်မရနိုင်တာ
စွဲလမ်းစိတ်များ နေ့ရက်တို့ကြာ
မေ့လို့မရပါ

ကိုယ့်အချစ်တွေ မင်းအတွက်ပေးဆပ်ဆဲ
ငြင်းပစ်လို့ ဝေးသွားတော့မှာလား
ကိုယ့်အချစ်တွေ မင်းအတွက် ပေးအပ်မယ်
မင်းငြင်းလို့ ထားရက်ခဲ့နိုင်လား
ချစ်ရသူရယ်.. ဝေး

စိုးမိုးလွန်းတဲ့အချစ်ရယ်
အိပ်မက်တောင် မင်းအကြောင်းပဲ
မင်းအနားရှိတဲ့အခါတိုင်း
ရင်မောစွာလွမ်းဆွေးရတာ
ကိုယ့်အချစ်တွေ မင်းအတွက်ပေးမယ်
မင်းလက်ခံမလား ငြင်းပစ်လိုက်မလား
တွေးကြောက်မိတယ်
ချစ်ရတဲ့သူရယ် (အချစ်ဆုံးသူလေး)

ဝေး ဝေးသွားလည်း ချစ်နေမယ်
ဘယ်အရာတွေ တားဆီးမလဲ
ချစ်တဲ့စိတ်ကလေးတစ်ခုနဲ့
ဆွေး ဆွေးရလည်း ချစ်နေဆဲ
ရင်မှာသူတစ်ယောက်တည်းပဲ
အဆုံးထိမျှော်လင်းရင်းနဲ့ ဟူး ဟူး.. ၀ိုးအိုးဝိုး

(မင်းငြင်းပစ်လို့ ကိုယ်တို့နှစ်ဦးဝေးမှာလား အချစ်ဆုံးလေး)
မလွယ်နိုင်မှန်းလည်း သိထားခဲ့လျက်နဲ့
မေ့မရတော့ဆက်ချစ်နေမယ်

4:59 PM 3/20/2013

No comments:

Post a Comment