Monday, March 25, 2013

မင်းလေးသိဖို့

ရေး - D ဖြိုး
ဆို - D ဖြိုး

1: နင်ပြောဖူးတဲ့အချစ်စစ်တစ်ခုကို ငါဖြည့်ဆည်းခဲ့တယ်နော်
အရာရာနင့်အတွက် အမြဲတမ်းအသင့်ရှိခဲ့သူနော်
နင်ဒါဆိုဒါ ငါခေါင်းလေးညိတ်လို့ မင်းရဲ့ဘေးနားမှာ
ကျောက်ရုပ်လေးလို အမြဲတမ်းရှိတာငါ

မနက်ခင်းအလင်းမှိန်နှင်းများကျချိန် ပြန်သတိရနေလို့
အရင်ကမင်းလက်လေးတွဲ လမ်းလျှောက်ဖူးတယ်နော်
ပြန်လာမယ်ဆိုဟိုးအဝေးဆုံးကို ပြေးထွက်သွားခဲ့သူ
အရိပ်သစ်တစ်ခုမှာ မင်းလေးနားခိုမလား

ခေတ္တခဏပါ ငါ့နားမင်းရှိခဲ့ပါတယ်
အငွေ့အသက်လေးတွေ လတ်ဆတ်လို့နေဆဲ
မုန်းမေ့မရပါရင်ထဲ မင်းမှမင်းပါပဲ
ခွင့်လွှတ်နားလည်ချစ်နေမယ် မင်းအတွက်

တကယ်ပါအစားထိုးမရနိုင် မင်းကိုငါချစ်ခဲ့
ဒါတွေမင်းလေးသိနိုင်ဖို့ ဒါတွေမင်းလေနားလည်ဖို့
အရာရာမင်းအတွက် ပေးဆပ်မယ့် ပါရမီဖြည့်ဖက်
ရင်မှာကြိတ်မှိတ်နင့်ကာဆို့ ကြေကွဲခြင်းမျက်ရည်
ငါနင်မသိအောင်ငို..

4:53 PM 3/20/2013

No comments:

Post a Comment