Monday, March 25, 2013

ဒီတစ်ခါဆောင်း

ရေး -
ဆို - ဆောင်းဦးလှိုင်

တောင်ပေါ်ချယ်ရီပန်းများတော့ပွင့်နေပြီ
မြေညီလွင်ပြင်ဘက်သို့ အချစ်ပြန်လာတော့မည်
ဒီတစ်ခါဆောင်း ဟေမန်လက
ထူးခြားဆန်းပြားမိုးတွေရွာခဲ့သည်

မညီမညာအကွေ့အကောက်နဲ့လမ်းတွေဆီ
ကိုယ်မြင်ယောင်ကြည့်တော့ သတိပြန်ရသွားပြီ
တူနှစ်ကိုယ်ချစ်သမျှ ပုံပြင်အစက
ထူးခြားဆန်းပြား ရှမ်းရွာငယ်လေးမှာ

ကြိုမျှော်နေသူ အသည်းကွဲကမ္ဘာလေးအပြင်မှာ
တိမ်ညိုတွေက မှိုင်းညို့ကာအုံ့မိုးထား
စန္ဒာငွေလမင်း သတင်းတစ်ခုတော့ပြောပေးဦး
ချစ်သူလေးပြန်ရောက်ရင် ပွေ့ကာဆီးကြိုဖို့

7:22 PM 3/23/2013

No comments:

Post a Comment