ရေး -
ဆို - အဲလက်စ်
လောကကြီးက အပေးအယူရှိပြီးသား ဆိုပေမယ့်
မင်းလေးသိရ ခက်လွန်းတယ်
တစ်ခါတစ်လေ စိမ်းကားတတ်တဲ့ အမူအရာလေးနဲ့
ဘာကြောင့်မင်း လုပ်တတ်နေလည်း
ရင်တုန်အောင်မလုပ်နဲ့ သိပ်ချစ်တာ နားလည်
အားနည်းချက်က ကိုယ့်မှာရှိထားလည်း
မင်းလေးက ပိုနားလည်
ကမ္ဘာမှာ ကိုယ့်ဘ၀အကြောင်းကို နားလည်တတ်ဆုံးမို့
တသက်လုံးအတွက်ချစ်ဖို့ရည်ရွယ်
ရင်နာအောင်မလုပ်နဲ့ စွဲလန်းတာ နားလည်
မိုးကောင်းကင်တစ်ခုလုံး ကိုယ့်အချစ်များနဲ့
ပြည့်လို့နေမယ် အချစ်ဆုံးရယ်
ကြည်နူးခြင်း နားလည်ခြင်းများမို့ တိမ်တွေလိုခြံရံမယ်
မိုးကောင်းကင်တစ်ခုလုံး ကိုယ့်အချစ်များနဲ့
ပြည့်လို့နေမယ် အချစ်ဆုံးရယ်
ကြည်နူးခြင်း နားလည်ခြင်းများ အားလုံးပြည့်စုံမယ်
မေ့ဖို့အကြောင်းဆို ခဏတောင်လာမစနဲ့
စိတ်ထိခိုက်လို့ သေလိမ့်မယ်
ဒီမှာအသည်းကွဲသွားအောင်လုပ်မှာ မဟုတ်ဖူးလို့
ရင်ထဲက အမြဲတမ်းယုံတယ်
ကျန်နေအောင်မလုပ်နဲ့ အားငယ်တာနားလည်
7:20 PM 3/23/2013

No comments:
Post a Comment