ရေး - Bunny Phyo
ဆို - စန္ဒီမြင့်လွင်
ဘာကြောင့်မှန်းရယ် မသိ နင့်အကြောင်းပဲ တွေးမိလို့
ဘာကြောင့်မှန်းရယ်မသိ နင့်စကားများ ကြားယောင်လို့
နင်မချစ်တော့ဘူးဆိုမှ ငါပိုတိုးလို့ ချစ်နေလို့
အရာရာ ပြီးလို့သွားခါမှ ငါပြန်စခွင့်ရချင်သလို
ခွဲခွာခြင်းကို ငါလေ သတိမထားမိသေးခင်
နှုတ်ဆက်ခြင်းကို ခံနိုင်ရည်အား မရှိသေးရင်
နင်ထားသွားခဲ့ပေမယ့် ငါတစ်ခုတော့ ပြောချင်တယ်
ငါလေနင့်ကို ချစ်တုန်းပဲ ရင်မှာ ဟိုးအရင်ကအတိုင်းပဲ
နင်ယူသွားတဲ့ ငါ့ရဲ့နှလုံးသားနေရာ ကွက်လပ်ဖြစ်နေဆဲ
ဟိုအရင်က ငါချစ်ဖူးတဲ့ နင်သာ ပြောင်းလဲလို့သွားလဲ
ဟိုအရင်က နင်ချစ်ဖူးတဲ့ မိန်းကလေးငါ ဟိုးတုန်းကလိုပဲ
မပြောင်းလဲ ဟိုး… ဟိုး….ဟူး..
ငါ့အိမ်မက်တွေထဲ နင့်အကြောင်းတွေ ခဏခဏမက်နေလို့
နင်ဘာဖြစ်လို့များပါလဲ ငါအဝေးက စိတ်ပူလို့ မဆိုင်တော့မှန်း ငါသိနေလဲ
အို.. သူစိမ်းတော့ မဖြစ်ချင်လို့ တစ်ခါတစ်လေ လမ်းမှာတွေ့ရင်လည်း နင်အမုန်းနဲ့ ကြည့်မှာစိုး
ငါ့စိတ်ထဲမှာ ဘယ်လိုမှ မဖြစ်သေးဘဲ လူတွေပြောနေကြတယ်
ငါတကယ်အချစ်ရူးတဲ့ နင်သာနောက်တစ်ခေါက်
လှည့်လာခဲ့ရင် ငါလေ.. ခေါင်းငြိမ့်မိမှာပဲ..
(ငါလေနင့်ကို ချစ်တုန်းပဲ ရင်မှာ ဟိုးအရင်ကအတိုင်းပဲ

မပြောင်းလဲ..ဟိုး… ဟိုး….ဟူး.. )၂
4:00 PM 3/20/2013

No comments:
Post a Comment