ရေး -
ဆို - ဗဒင်
ငယ်ရွယ်စဉ်အချိန်ကထဲက စွဲလန်းတဲ့စိတ်ကလေးနဲ့
ကြီးလာတော့လေ တခြားသူဦးမှာကိုစိုးလို့
ချစ်မိလို့ဖွင့်ပြောတော့ စည်းဖောက်တဲ့လူမိုက်လို့
မင်းစွပ်စွဲတာ ဘယ်လိုဖြေရမလဲ ခက်ပြီ
ဖြူစင်တဲ့အချစ်ကလေးတွေ အရေးမထားလို့အရာမရောက်တော့
ကိုယ့်ရင်ထဲမှာ မီးလိုတောက်လောင်နေဆဲ
ချစ်မိတဲ့အဖြစ်များရယ် အပြစ်တစ်ခုလို့ဆိုမလားကွယ်
မချစ်နိုင်ရင်တောင် မရက်စက်သင့်ဘူးကွယ်
ချစ်ခွင့်မပိုင်ခဲ့လဲ အမုန်းမခံရဲတယ်
သူငယ်ချင်းတွေလိုဆက်လက်ပြီးတော့ ခင်မင်ချင်ပေမယ့်
စိမ်းကားနိုင်အားရဲ့ ရက်စက်နိုင်အားရဲ့
အမြဲတမ်းပဲ အသည်းကျွမ်းစေမှာလားကွယ်
ရက်စက်နိုင်အားရဲ့
အမြဲတမ်းပဲ အသည်းကျွမ်းစေမှာလားကွယ်
11:57 AM 3/23/2013
No comments:
Post a Comment