ရေး - ဒိုးလုံး
ဆို - ဒိုးလုံး
လမ်းတွေကိုလျှောက်လို့ငါ လာခဲ့မယ်
အမှောင်ထုများကိုဖြတ် ငါလေအလင်းရှေ့ရောက်ဖို့အတွက်
လှိုင်းတွေရယ် ရိုက်ခတ်နေဆဲ
ငါလေမနားတမ်း ခရီးနှင်ဆဲ..
မီးလျံတွေတားဆီးကာရံထားလည်း
ဘယ်လိုပူပြင်းပါစေကွယ် ငါလေအရှုံးမပေးတမ်းဆက်လျောက်မယ်
စစ်မှန်တယ် တို့ရဲ့အချစ်များအတွက်
ဘယ်သူတွေဖျက်ဖျက် ပျက်မှာမဟုတ်ဘူးကွယ်
တစ်နေ့တော့ တို့ရဲ့အိပ်မက်တို့ လက်တွေ့ဖြစ်လို့ အားလုံးထမြောက်ရမှာပဲ
ရက်စက်တဲ့လောကဓံတရားတွေကို တို့ရင်ဆိုင်မယ် မဆုတ်တမ်းပဲ
ရင်ခုန်သံတွေ အနီးဆုံးကြားမယ့်နေ့တွေ
တို့စောင့်ကြည့်ကြစို့လေ မျှော်လင့်ခြင်းတွေ ပြည့်ဝနေ
အို.. အားလုံးပဲအိပ်မက်ကြ နှလုံးသားထဲစီးဆင်းသွား
မပြောင်းလဲတတ်တဲ့ မေတ္တာတရား အေးမြဆုံးအရာပါ
ခါးသီးခြင်းအမုန်းများအား အတူကျောခိုင်းပြီးစွန့်လွတ်ထား
အတူတွဲမယ့်လက်အစုံတွေက ဆုံဆည်းဖို့ မျှော်လင့်နေကျ
11:50 AM 3/23/2013

No comments:
Post a Comment