ရေး -
ဆို - ဗဒင်
တိမ်စိုင်တွေရယ် မြူတွေရယ်
နှင်းထုရယ် မနက်ခင်းရယ်
သဲသဲကွဲကွဲ မရှိတဲ့ ပုံရိပ်များရယ်
လိမ္မော်ရာသီ တောင်ပေါ်မှာ
လမ်းကျဉ်းငယ်ကလေးများ လျှောက်ရသလို
အကြင်နာလမ်းဟာ ရီေ၀၀ါးနေတယ်
မရေရာဘူး…
အမူအရာတွေများစွာ ဘာသာပြန်ကြည့်လည်း
အတွေးများဟာ အမြဲတမ်းေ၀၀ါးနေတယ်
သေချာတာတစ်ခုက
ကြည်ဖြူစွာနဲ့တို့ကချစ်တယ် ဒါပါပဲ
အချစ်လမ်းလေးထဲ လျှောက်နေရဦးမယ်
ရေတံခွန်တွေရယ် အော်မြည်ကာ
ပြင်းပြစွာရိုက်ခတ်စဉ်
လျှို့ဝှက်ချက်နဲ့ပြည့်တဲ့ရေထွက်ရာ
ရေဆန်ကိုလှော် ရှာဖွေစဉ်
ချောင်းဖျားခံ အစပြုစီးဆင်းရာ
နေရာမျိုးဟာ အကြင်နာ စတင်ရာ
ညိုမျက်ဝန်းလို..
အခြေအနေတွေတိုင်းကို ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းတွေအပြည့်နဲ့ ဒွိဟတွေရယ်
ကြင်နာသူအကြည့်တွေ
ဘာသာပြန်ဖို့ အခုထက်ထိတိုင် မလွယ်ကူတော့
အချစ်လမ်းနံဘေးက အလွမ်းရွာရောက်ခဲ့ပြီ
ရောက်ရှိခဲ့တဲ့ အလွမ်းရွာမှာ
ဆွေးဆွေးမြေ့မြေ့ ကိုယ့်အိမ်ရယ်
ခြောက်ခြောက်ကပ်ကပ် နေ့တွေအလယ်
ဆုံးခြင်းမဲ့တဲ့ ဘာသာပြန်ရယ်
မငိုချင်ဘူးကွယ်
11:58 AM 3/23/2013
No comments:
Post a Comment