Monday, March 18, 2013

မိုး

ရေး - အငဲ၊ မျိုးကြီး
ဆို - မျိုးကြီး

မိုးစက်တွေနဲ့ လေနဲ့ရောပြီး ပြေးနှင်လို့ ရွာလေတိုင်း
ကန်ရေထက်မှာ ငြိမ်သက်ခြင်းများ ပျက်ပြယ်လှိုင်းများလှုပ်ခတ်သွားတိုင်း
ငါ့ရင်ထဲမှာ အနယ်မထိုင်သေးတဲ့ အကြောင်းတွေ နှိုးထ မြဲအလွမ်းများ

မိုးနဲ့အတူပဲ ဝင်ရောက်ခဲ့ဖို့ မဖိတ်ခေါ်ပဲ ဝင်လာပြီး
ရင်ခွင်ထဲမှာ နာကျဉ်ခြင်းများ အမြစ်တွယ် တစ်ဦးနဲ့ တစ်ဦးကြား
သံယျောဇဉ်ကြိုးများ ရစ်ပတ်ခဲ့ပြီးမှ တားဆီးမရပါ
ဝဿန်ရယ်မိုးများတိတ်ချိန် တစ်ခန်းရပ်သွား

မိုးစက်များ ရွာလေတိုင်း မင်းလေးများ ပြန်လာမလား
မျှော်လင့်ခြင်းရဲ့ မိုးတိမ်များ အုံမှိုင်းဆဲပေါ့ ငါ့ရင်မှာ
သုံးမိုးမကကျော်လွန်သွား လတ်ဆတ်ဆဲ ဒါဏ်ရာများ
ရွာတဲ့မိုးက တိတ်ပေမယ့် ရင်ထဲအလွမ်းမိုးများ သည်းဆဲပေါ့ / ရွာဆဲပါ
ဘယ်များရှောင်ပုန်းလို့ပြေး မင်းလေကို တမ်းတလို့အလွမ်းတွေ
ရွာဆဲပါ ခြေရာများကို ဖျောက်ဖျက်တဲ့ မိုးရေ မိုးဆဲလည်း ငါ
အလွမ်းများ သည်းနေတုန်း
ရင်ထဲအလွမ်းရဲ့ မိုးစက်များ အလွမ်းမိုးများ

No comments:

Post a Comment