ရေး - မောင်မောင်ဇော်လတ်
ဆို - လေးဖြူ
အတိတ်တွေက
မှုန်ဝါးပေမယ့် ငါတို့နှစ်ဦး ဇတ်လမ်းမှာ တစ်ချို့နေရာက အကောင်းအတိုင်းရှိနေဆဲပါပဲ ဟိုတစ်ကွက်ဒီတကွက်
ပိတ်သားထက် အရင်လိုကြည့်မကောင်းပေမယ် မြင်ရတယ်
အဓိပ္ပယ်မရှိတာသိပေမယ့်
/ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေ ရှိလာတော့လည်း အမှတ်တမဲ့မင်းကို လွမ်းပါတယ် အပေါ်ယံရှပ်ထိသော
ဒါဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ / လွယ်လွယ်ငါမေ့မရဘူးပေါ့ တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေလတွေက
အတော်ကြာပြီပဲ
ဘယ်ဆီကို
မင်းရောက်နေလဲ
ဘယ်သူနဲ့
မင်းရှိနေလဲ
ဘာတွေကို
မင်းလုပ်နေမလဲ တွေးမိပါတယ် လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ ငါလွမ်းမိပါတယ်
No comments:
Post a Comment