ရေး - မောင်မောင်ဇော်လတ်
ဆို - လေးဖြူ
ငါ့လက်က လွတ်ကျသွားတဲ့
မျက်ရည်တွေ
ဂစ်တာပေါ်စီးဆင်းကာနေ
အလွမ်းဖြစ်သွားတဲ သစ်ပင်တွေ
နေရောင်ခြည်နဲ့
ဝေးနေချိန် ဟူး ဟူး
အခန်းထဲက
တောက်ပလွန်းတဲ့ လရောင်တွေ
နံရံပေါ် ဖိတ်ကျကာနေ
အဆိပ်ဖြစ်သွားတဲ့ တေးသံတွေ
ကြင်နာသူ
ဝေးနေချိန် ဟူး ဟူး
ကြာပြီလေ
နာရီတွေ ဒါလီရေ အမြဲတမ်း ခြောက်လှန့်ဦး
ငါ ဒီမှာ
သိမ်ငယ်စွာ ရင်ခုန်တာ ကြိုးစားမေ့ပြစ်တုန်း
ဟူး ငိုပြီးနေ
ဟူး ငါကြေကွဲနေ
ဟူးငါ တစ်ယောက်တည်းနေ့
/ နင်မရှိတဲ့နေ့
မင်းစိတ်နဲ့ဆုံးပါးသွားတဲ့
မနက်ဖြန်တွေ
ဖြူရော်ကာ
ရင့်မှည့်ကာနေ အရှုံးဖြစ်သွားတဲ့ ညနေတွေ အိမ်ပြန်ချင်စိတ်ဝေးနေချိန်
ဟူး ဟူး
ပင်လယ်မှာ
ရယ်သံတွေ ဒါလီရေ ဘဝနစ်မြုပ်တုန်း
ကယ်တင်ပါ
သိမ်ငယ်စွာ ဒီလူမှာ ကြိုးစားကူးခပ်တုန်း
No comments:
Post a Comment