Monday, March 18, 2013

ရောခ့်သီချင်းတစ်ပုဒ်

ရေး - အငဲ၊ မောင်မောင်ဇော်လတ်
ဆို - မျိုးကြီး

တစ်နေ့လုံးရှုပ်ယှက်ခတ်ကြ အလုပ်အတွက်
ပြိုင်းပြိုင်းကျကာ ရှိုးတွေပျက်
ပုရွက်ဆိတ်များလို ကားတွေအလုအယက်
လမ်းမကြီးပေါ် တိုးဝှေ့တက်
မိုးလင်းပြီးတော့ မိုးချုပ်သွားတယ်
စက်ရုပ်ဘဝတွေနေ့စဉ် ဗရုတ်ဗရက်
လိုအပ်တာတွေအားလုံးအတွက်တော့ ထွက်ပေါက်ပဲ
အတ္တအပြည့်နဲ့ ဦးနှောက်များလည်း
လောဘအောက်မှာ ဇောချွေးထွက်
အချစ်ကြီးချစ်တတ်ကြသူများလည်း
အသည်းကွဲမျက်ရည် တစ်စက်ပြီးတစ်စက်
သောကများတဲ့ ကျုပ်တို့ဘဝအကြောင်းတွေ
သီချင်းတစ်ပုဒ်ရေးဆိုကြရအောင်ဟေ့
လာပါဗျာ ဒုက္ခများအော်ဟစ်မယ်
ကဲခင်ဗျားအတွက် စိတ်ရဲ့ ထွက်ပေါက်ပဲဟေ့

ရော့ဒ် သီချင်းတစ်ပုဒ်
(အားလုံးအတွက် ထွက်ပေါက်တစ်ခုဟာ)
ဟစ်လိုက်ပါ ရော့ဒ် သီချင်းတစ်ပုဒ်
(အားလုံးအတွက် ကျုပ်တိုဟစ်တာ)
ထွက်ပေါက်ဟာ ရော့ဒ် သီချင်းတစ်ပုဒ်
(ခင်ဗျားတို့အတွက် ကျုပ်တို့ဟစ်အော်)
ခင်ဗျားတို့အတွက် ရော့ဒ် သီချင်းတစ်ပုဒ်
ကျုပ်တို့အတွက် ရော့ဒ် သီချင်းတစ်ပုဒ် ရေးဖွဲ့
ခင်ဗျားတို့ ကျုပ်တို့အတွက်ထွက်ပေါက်ရဖို့ပဲ
ကျုပ်တို့သောကအတွက် ရော့ဒ် သီချင်းတစ်ပုဒ် ရေးဖွဲ့
ခင်ဗျားတို့ကျုပ်တို့အတွက် ထွက်ပေါက်ဟာ ရော့ဒ် သီချင်းကြီးတစ်ပုဒ်ပဲ

No comments:

Post a Comment