Monday, March 18, 2013

ပြန်ခဲ့ပါ


ရေး - လင်းလင်း
ဆို - လေးဖြူ

ညိုမွဲနေတဲ့ တိမ်တွဟာလေ အရင်အတိုင်းပဲ
မျောလွင့်ဆဲဆိုတာ နင်သိနေဖို့ ငါလိုအပ်တယ်

ပြာနှမ်းနေတဲ့ ပင်လယ်ရေတွေ အရင်တိုင်းပဲ
စီးတင်းဆဲဆိုတာ နင်သိနေဖို့ငါလိုအပ်တယ်

တကယ့်အဖြစ်တို့ မပြောင်းသေးပါကွယ်
မထူးဆန်းဘူး ငါ့ရဲ့အချစ်တွေလည်း မပြောင်းသေးပါကွယ်

လည်ပတ်နေတဲ့ရာသီခွင်တွေအရင်တိုင်းပဲ
ရပ်မရတာ အနင်သိနေဖို့ ငါလိုအပ်တယ်

ခြောက်ခမ်းနေတဲ့ကန္တာပြင်တွေ အရင်တိုင်းပဲ
မစိမ်းလန်းဘူးဆိုတာ အနင်သိနေဖို့ ငါလိုအပ်တယ်

တကယ့်အဖြစ်တို့ မဟောင်းနွမ်း သးပါကွယ်
မထူးဆန်းတဲ့ ငါ့ရဲ့အချစ်တွေလည်း မဟောင်းသေးပါကွယ်

နင်လေ ပြန်စဉ်းစား နင်အမြန် ပြန်ခဲ့လိုက် င့ါဆီကို
နင်လေ ပြန်စဉ်းစား နင်အမြန် ပြန်ခဲ့လိုက်ပါ
နင်လေ ပြန်စဉ်းစား နင်အမြန် ပြန်ခဲ့လိုက် င့ါဆီကို
နင်လေ ပြန်စဉ်းစား နင်အမြန် ပြန်ခဲ့လိုက်ပါ
နင်ယုံကြည်ထားလိုက်ကွယ် ဒီရင်ဟာ ပူနွေးဆဲပါ
ရေး  ရေး  ရေး  ရေး  ရေး ရေး……

No comments:

Post a Comment