ရေး - မောင်မောင်ဇော်လတ်
ဆို - လေးဖြူ
မတွေးချင်လည်း
ပြန်တွေးနေမိ မေ့ရင် ပြန်သတိရပြီး
အမှတ်မရှိသေးဘူး
ငါလွမ်းဆွတ် မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ
မှားနေလည်း
ငါဆက်မှားပြီ ဒုက္ခများကုန်ပြီ
ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်ခဲ့ /ထပ်ထပ်နစ်ခဲ့
ဖြတ်တောက်တိုင်းလည်း
ပိုဖြတ်ဖို့ခက်တဲ့ သံယောစဉ်
သံယောစဉ်
………သံယောစဉ်
ငါလေ အပျက်ပျက် နဲ့သွေးထွက်ခဲ့တယ်
သံယောစဉ်
သံယောစဉ်
လူကို အရူးတစ်ပိုင်း
ဖြစ်စေတဲ့
သံယောစဉ်
သံယောစဉ် နေမြင့်လို့ အရူးရင့်ခဲ့တယ်
ဒီ သံယောစဉ်
……. ဒီ သံယောစဉ်
ဒီ သံယောစဉ်
……. ဒီ သံယောစဉ် …….. သံယောစဉ်
မကြားချင်ဘဲ
ငါကြားယောင်မိ မသွားချင်လည်း ငါဆက်သွားပြီး
မမွှေးသင့်တဲ့
ငါမွှေးတဲ့မီး မတိုးချင်လဲ ငါဆက်တိုးပြီး
ငါ့ဘဝ ကျွမ်းလောင်ပြီ
No comments:
Post a Comment