ရေး - လင်းလင်း
ဆို - လေးဖြူ
ဒီအတိုင်းပဲ
တစ်မြေဆီမမြင်နိုင်တဲ့ဘဝတွေမှာ
ထင်ရာစိုင်း
လျှောက်လှမ်းမယ်ဆို တို့တွေကြာရင် ဝေးသွားနိုင်တယ်
အရင်အတိုင်းပဲ ကြယ်တွေမမြင်သာတဲ့ ညတွေဆို ငါ
ဘယ်သူများ
ဖန်ဆင်းလေတဲ့ အိမ်မက်တွေ ဂယောင်ခြောက်ခြား
မက်ကာရယ်
အိမ်မက်တွေ ဂယောင်ခြောက်ခြား မက်ကာရယ်
မင်း ပြန်ဖို့တောင်
စဉ်းစားရခက်မယ်ဆို
မင်း ခဏလေးပြန်တွေ့ကြဖို့
ခက်နေရင်
ကြာရင် အိမ်မက်ဆိုးတွေ
မက်ကာ
မိုးမြေလို
ကွာဝေးနိုင်တယ်လေ/ ကွယ်
မင်း ဒီအတိုင်း
တို့အဖြစ်တို့ မေ့တော့မလား
ဒီအတိုင်း
တို့အဖြစ်တို့သွေးအေးထားမှာလား
ငါ့စိတ်တွေ
အလိုလို ထိုင်းမှိုင်းနေတယ်
မင်း ဒီအတိုင်း
အလွယ်တကူ မေ့တော့မလား
ဒီအတိုင်း
တို့အဖြစ်တို့သွေးအေးထားမှာလား
မင်း ပြန်လာဖို့စဉ်းစားလို့ပေးပါကွယ်ကြာရင်
အိမ်မက်ဆိုးတွေ
ကြားမှာ ငါ့ရဲ့အသက်
ရပ်တန့်သွားနိုင်တယ်
ခေါ်သံများလား
သန်းခေါင်ယံ အမှောင်ထုများ နောက်ကွယ်မှာ
နင်တစ်ယောက်များ
ပြန်ခဲ့တာလားငါမျှော်ကာ စိတ္တဇပါကွယ်
အာရုံများလည်း
နွံရေတွေလိုနောက်ကျိကာရယ်
နင်ပြုစား လူကိုရူးစေသလား
ငါ့မှာအိမ် အိပ်မက်ဆိုးများစွာအလယ်
No comments:
Post a Comment