Monday, March 25, 2013

အိမ်

ရေး - ဓီရာမိုရ်
ဆို - ဓီရာမိုရ်

(ကမ္ဘာမြေမှာခိုလှုံရာခေါ်ဆိုခဲ့အိမ်
ရံရွေလယ်ထည်ဝါစွာဆင်စွယ်နန်းအိမ်
ကျူထရံတွေကာရံကာဓနိမိုးအိမ်
နှလုံးသားတွေနွေးထွေးရင်ဒါဟာလည်းအိမ်)

ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့အိမ်
ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်း အိမ်

အိမ်တစ်အိမ်မှာမှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေကိုဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာတွယ်တာရာဒီရင်သွေးတွေ
ဆည်းလည်းသံလှိုက်ခတ်စေ ဒီချစ်ခြင်းတွေ

(ကလေးလေးတွေ နွေးထွေးဖို့လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ
မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာစီးဆင်းဖို့လေ)

အိမ်အပြင်မှာဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ထွန်ဝါချည်မျှင် ဖျင်တဘက်ရယ်
အိမ်အပြင်မှာ ကိုယ်တိုင်ထွန်ကိုယ်တိုင်စိုက်တဲ့
စပါးရိပ်ချိန်ဝိုင်းဖွဲ့မယ် ဆန်အရက်ရယ်

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူ ချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

ရင်ခွင်မှာရှင်သန်ရာခိုမှီရာအိမ်တစ်အိမ်ကို ကမ္ဘာမြေမှာတည်ဆောက်ကြမယ်
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ် ပျော်ရွှင်ပါစေ
ဒဏ္ဍာရီရာဇဝင်လိုဝိညာဉ်အိမ် စိန်စီရာရတနာခြယ်သိင်္ဂါရီအိမ်

တစ္ဆေတစ်ကောင်ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင်ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့အိမ်… ငါတို့အိမ်…
ရဲရင့်လိုက် ချစ်တဲ့အိမ် တို့ဆောက်ကြမယ်

(ကျွန်တော်သိသလောက်ကတော့ ဒီသီချင်းက ပထမတော့ ကဗျာပဲဗျ၊ ဓီရာမိုရ်တို့ ညီအစ်ကိုတွေရေးခဲ့တယ်လို့ အကြည်တော်ရေးထဲ စာအုပ်ထဲမှာ ဖတ်ဖူးတယ်၊ ဆွတ်ပျံ့ကြည်နူးဖွယ်ရသကို ခံစားရပါတယ်။)
11:52 AM 3/23/2013

1 comment: