Monday, March 25, 2013

တမိုးအောက်

ရေး -
ဆို - ပူစူး

လမင်းကြီးလည်းသိပါတယ်
ကြယ်စင်လေးလည်းသိပါတယ်
ဘယ်လောက်နင့်ကိုငါအရမ်းချစ်တယ်
ဘယ်လောက်နင့်အပေါ်ငါမြတ်နိုးတယ်

တောင်တန်းကြီးလည်းသိပါတယ်
ပင်လယ်ကြီးလည်းသိပါတယ်
ငါနင့်အတွက်ဆို အချိန်မရွေးအသင့်ပဲ
ငါအသက်ပေးဆိုတောင်ပေးဝံ့တယ်

အရင်လိုအချိန်မရွေးတွေ့နိုင်လည်း
ရေမြေတွေခြားနားလေလည်း
ဒီကမ္ဘာမြေပြင်ရဲ့တမိုးအောက်ထဲမှာပဲ

ငါဆိုနေတဲ့သီချင်းလေးမင်းကြားရင်ကွယ်
နင်လေတစ်ယောက်ထဲ ငိုမနေနဲ့နော်ကွယ်
တစ်မြေဆီငါတို့နှစ်ဦးဝေးခဲ့ကြပေမယ့်
ရင်ခုန်သံခြင်း တွယ်ဆက်ထားသလိုပဲ
ပြန်ဆုံမယ့်ရက် လက်ချိုးရေတွက်ရင်းနဲ့
အားတင်းထားနော်ကွယ်

11:53 AM 3/23/2013

No comments:

Post a Comment