Thursday, January 17, 2013

မိုးစက်တင်လေ

ရေး - လွှမ်းမိုး
ဆို - လွှမ်းမိုး

ပင်လယ် နေပူရင် ဖြစ်ခြင်းသဘောတွေ
ဟို…တောင်ပြာတန်းရိုးမိုးစက်မှုံရင်
တို့ရဲ့စိတ်တွေပြေးသွားခဲ့သည် မင်းတစ်ယောက်ရှိတဲ့ဆီ မှန်းဆလွမ်းပါသည်…
မညှာမတာမိုးကြမ်းများ ငါ့ကိုလေ ရိုက်ခတ်လို့မသွားအောင် ကူညီလို့ပေးတယ်
တိမ်လွှာပြင်မိုးသားအောက်က ချစ်တဲ့သူရေ…မြေပြင်လူငါ့အထက်ကပ်လျှက်ရပ်ခဲ့သူရေ
သောကဝေ ဒုက္ခမိုးရေတွေ မထိခိုက်အောင်ကာဆီးခဲ့သူရေ
အမည်ပေးလိုက်ချင်တယ်လေ…မိုးစက်တင်လေ……..။

နွေအလည် ပြန်ကာနေတဲ့ ငှက်ကလေးများတို့ရေ…
ဟို…ဖြူစင်ရိုးသား စိတ်ထားမြတ်သူ..
တို့ရဲ့စိတ်တွေပြေးသွားခဲ့သည် မင်းတစ်ယောက်ရှိတဲ့ဆီ မှန်းဆလွမ်းပါသည်…
ကြုံရင်ပြောလိုက်ပါ့ ငှက်ငယ်တွေရေ…မုန်းမေ့လို့မသွားအောင် ကူညီလို့ပေးပါ…
သံသာလေကမ်းက မိုးစက်တင်လေ…ရေပူရေချမ်းကမ်းလှမ်းမယ့် မိုးစက်တင်လေ
သောကဝေ ဒုက္ခမိုးရေတွေ ကင်းလွတ်ရာဘဝလေးထဲမှာလေ
ကိုယ်လိုက်လို့ရှာမယ်မေ…မိုးစက်တင်လေ……..။

ဆုံးစမယ့် လမ်းစမတွေ့ပေမယ့် မှန်းဆလို့ တမ်းတလွမ်းပါသည်
မိုးစက်တင်လေ…….. မိုးစက်တင်လေ…….. မိုးစက်တင်လေ……..ဘယ်မလဲအချစ်ရေ…။

မိုး


ရေး - အလင်္ကာကျော်စွာရွှေပြည်အေး
ဆို - တက္ကသိုလ်မြကြီး

(
ဝသန်ခါမီ...လရာသီ...ပြာရီရစ်ဝိုင်း မှိုင်းလဲ့လဲ့...ဆိုင်းနွဲ့နွဲ့ သိုင်းဖွဲ့လို့ ဟန်ချီ... မင်းလွင်စည်... ညိုရောင်မှောင် ခိုး... မိုးလအခါမီ ဖြိုးဖြိုးလျလျ စွေလှသည်)

(
ဂျိုးဂျိမ့်သံ မာန်တင်းကာပ... အသူရာ သိကြားမင်းက စစ်ခင်းကာ ပြိုင်ကြပြီ) စိတ်မကျေနိုင်...အနိုင်လုတော့... အေးလှပါသည်... ထွေးစရာ့ ဗလာအထည်...(ဆွေး) ရတာရှည်...ဇာကတ္တီဗွေဆိုင် ဖြေနိုင်ပါဘဲ...မလုံ့ တလုံ့ ခြုံလွှာမွဲလို့... မစုံဖော်ကွဲ... သည်းကြေလုပြီ... သြော် ဘယ်ခါမှ... အတူတကွ နေရပါမည်... နွေးစရာ့အတည်... ဆွေနှမဒါလီ... ဝေးရပြီ...

(
လိုက်တော်မူသင့်ပါရဲ့ အခွင့်ကိုမျှော်) (မသင့်တော်သလိုပါ့ တစ်မေခင်လွဲ) သြော်... ရွှေရင်ထဲမှာဖြင့် ကွဲလုပြီ... (စွဲသူ့မျက်ရည် မျက်ရည်။ စွဲသူ့ရဲ့မျက်ရည်) ရက်ရှည်ရှည် ဆွေးတယ်လေး... သွေးကဲ့သို့နီ...

ပဇ္ဈန်ရယ်...သံစုံရင့်ကျူး...မြူးခဲ့ပြီ... လေဦးမိုးသက်ချီ... တရွေ့ရွေ့နဲ့... မိုးငွေ့တွေလေချီ... ငွေချည်ငွေပန်း... တန်းကာကျပြီ... ဆန်းစွာလှသည်... လွမ်းတာကရှည်... ပန်းလျဝေရီ... လွမ်းတလို့ပဲ... ဖြေမဆည် နိုင်တော့ပြီ...



Friday, January 4, 2013

သိလား

ရေး -
ဆို - ခိုင်ထူး

နေ့ရက်အချိန်လေးတွေ ပြောင်းပေမယ့်
နှလုံးသားထဲမှာ အချစ်ဆုံးကို
ဘယ်လိုမှ မမေ့နိုင်
သိလား

အိပ်မက်ချိန်ထဲမှာ တွေ့ပေမယ့်
တစ်ရေးနိုးတဲ့အခါ ကွယ်ပျောက်သွားမှာ
တကယ် နှမြောမိတယ်
သိလား

ချစ်ရတဲ့သူ့ကို ဒါတွေသာပြောခွင့်ရရင်
ကြင်နာရမလား ရင်နာရမလားကွယ်
သိလား

သူ့ရဲ့အသံလေးတွေ ကြားနေဆဲ
နားထဲမှာ အချစ်ဆုံးရယ်
ဘယ်လိုမှမဖျောက်နိုင်
သိလား

အထီးကျန်ဇာတ်လမ်းကို ဆက်ချင်လဲ
သူ့စိတ်ထဲမှာ ဘယ်လိုရှိမယ်
ကြိုတင်မတွေးရဲပါ
သိလား

သူ့တစ်ယောက်ကလွဲရင် ဘယ်သူမှ ချစ်လို့မရပါ
သူသိသားနဲ့ နေနိုင်လား အချစ်ရယ်
သိလား

ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ……..
ဒီသီချင်းအဓိပ္ပါယ် သိပါစေ…
ကိုယ်ဆိုတဲ့ သီချင်းသံကြားရင် သူ……..
ရည်ရွယ်တဲ့အကြောင်းကို သူမြန်မြန်သိပါစေ
သူမြန်မြန်ကြားပါစေ…….

ကြင်နာရမလား ရင်နာရမလားကွယ်
သိလား

ချစ်ရတဲ့သူ့ကို လိုချင်တာ တောင်းခွင့်ရရင်
အကြင်နာသစ်ဆု အကြင်နာသစ်ဆုကို
တောင်းမယ်
5:11 PM 3/20/2013

ပြီးပြည့်စုံတဲ့ဘဝ

ရေး -
ဆို - ခိုင်ထူး

အတူနေစဉ်တုန်းအခါက မသိခဲ့ရိုးအမှန်ပါ
ခွဲခွါခြင်းဟာ အလွမ်းရဲ့အစမို့
စိတ်ညစ်ခြင်းဟာလည်း ဝေးကွာခြင်းရဲ့အနားမှာ
ကပ်လျက်ရှိနေတယ် ဆိုတာကို
တကယ်တမ်း ခွဲခွါနေရမှ
ဒါတွေကို သိလာခဲ့ရတယ်

အချစ်ဆုံးသာ ကိုယ့်အနားရှိနေခဲ့ရင်
မိုးမမြင်လေမမြင် ပျော်လိုက်မယ့်ဖြစ်ခြင်း
အချစ်ဆုံးသာ ကိုယ့်အပါးရှိနေခဲ့ရင်
ကိုယ့်ဘ၀မှာ ဘာလိုသေးလို့လဲ အချစ်ရယ်
ကိုယ့်အတွက် ဘာလိုသေးလဲကွယ်

နှစ်ကိုယ်ကြည်ယှဉ်ပြုံးချိန်ဟာ ပြည့်စုံလို့နေမှာ
တွေ့ဆုံဆည်းရန် တမ်းတမိလို့
မနက်ဖြန်တိုင်းမှာလဲ မင်းရဲ့အပြုံးနဲ့ မခွဲမခွါ
အမြဲပဲတွေ့နိုင်ဖို့ ကိုယ်တကယ်
ဆုတောင်းမိတယ် အကြိမ်များလား
ထာဝစဉ် ဝေးမှာကြောက်မိတယ်


တကယ်တမ်း ခွဲခွါနေရမှ
ဒါတွေကို သိလာခဲ့ရတယ်

5:09 PM 3/20/2013

စစ်ကိုင်းလမ်း

ရေး -
ဆို - ခိုင်ထူး

တိုးထွက်မယ့်မနက်နေရောင်ဖြာထွန်းရင်
စစ်ကိုင်းလမ်းကစောင့်နေမယ်သူမှာလို့
ချိန်းထားတဲ့သဲမြေပြင်ဟိုရိပ်ဆီ
မျှော်သူကို ကြိုနှင့်ရန် ကိုယ်လာမယ်လို့
အခုညတော့ အိပ်နိုင်မယ်မထင်ဘူး…

နှစ်ဦးတွေ့တဲ့ညနေကိုပြန်တွေးရင်
စကားလက်စမသတ်နိုင်အောင်လေပြေသွေး
လမ်းတစ်ဝက်ထိ ကိုယ့်ကိုပြန်ပို့ရင်းဆို
နေညိုချိန် နေ့ကူးရင် မျှော်နေမယ်လို့
ဆက်ဆက်တော့ရောက်အောင်လာမယ်မေ..

အသည်းရင်လှိုင်းခတ်သံ
အတူဆုံရင်အပြုံးတွေ နှုတ်ဆက်မယ်လေ
တို့ဘ၀အတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ
အချစ်ခွန်အား ရင်ဆိုင်ထား………

အလှမ်းဝေးတဲ့ညရယ်ကုန်ပါတော့ကွယ်
ကြားရတဲ့ရထားသံ ရင်ခုန်သံလား
စစ်ကိုင်းလမ်းသို့ သွားချိန်တန်ပြီလားကွယ်
သယ်ဆောင်ရာ အိပ်လဲပြင် ယာဉ်မြန်ကိုစီး
ခရီးထွက်လို့ တို့လာနေပြီလေ….

ခုညတော့ အိပ်နိုင်မယ်မထင်ဘူ

5:11 PM 3/20/2013

အလင်းရောင်များပေးဦး

ရေး -
ဆို - ချစ်ကောင်း

ကြင်နာပါမေရေ လုံးဝမီးမထွန်းအလင်းမဲ့
လျှပ်စစ်မီးမဲ့လားလေ
ကြင်နာပါမေရေ လုံးဝမီးမထွန်းအလင်းမဲ့
လျှပ်စစ်မီးမဲ့လားလေ

သမိုင်းဦးည အမှောင်လိုပဲလား
မင်းမရှိတဲ့ အလွမ်းကမ္ဘာကြီးဟာ မဲမှောင်သွားပြီလား

နေရဲ့အလင်းရောင်လေးများ
ထွန်းလင်းလမ်းပြလို့ပေးလိုက်ဦးတော့ ကိုယ့်အချစ်လေးရေ
ကြင်နာပါမေရေ စိမ်းလန်းအေးမြတဲ့စကားများ
အနားကပြောပြဦးလေ

တံခါးများခေါက်လို့ ခေါ်သံကြားလား
မနားတမ်း မမောတမ်း ကိုယ့်အချစ်လေး တံခါးတွေဖွင့်ပါပြောကြား

ရင်ခွင်တံခါးတွေကိုဖွင့်ဦး
အချစ်ရဲ့တံခါးပေါက်လေးများ
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်ရက်စက်မိတယ်)
အလင်းများလည်းပေးဦး
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်စိမ်းကားသူရယ်)
ကြိုးများပူးချည်ထားလား ရင်ထဲမှာအဆွေးများ
အချစ်ရဲ့ ကြားလား လွမ်းတယ် တမ်းတတယ်
အလင်းရောင်ပေးပါ အလင်းရောင်ပေးပါ အချစ်ရေပေးပါ
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်ရက်စက်မိတယ်)
အလင်းရောင်များပေးဦး
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်ရက်စက်မိတယ်)
တံခါးတွေဖွင့်ထားဦး
စိမ်းလန်းအေးမြတဲ့စကားများ အနားကပြောပြဦးလေ
အလင်းရောင်များပေးဦး

5:12 PM 3/20/2013

မပိုင်ဆိုင်တဲ့ကမ္ဘာ

ရေး -
ဆို - ချစ်ကောင်း

V1: မိုးတိမ်တွေအမြဲတမ်းမပြာသောကမ္ဘာကြီးအလယ်
ပန်းတွေဟာပွင့်လိုက်ကြွေလိုက် သိသလားကွယ်
ချစ်သူရေနားတော့ထောင်ဦး နောက်ဆုံးကွယ်
မင်းသိစရာများ မင်းသိစေချင်တယ်

V2: ပန်းတွေကိုမင်းကမပိုင်ဘူးအချစ်လေးရယ်
နားခိုရာမင်းကမပိုင်သောကမ္ဘာကြီးအလယ်
ချစ်သူရေခွဲရမှာပဲနောက်ဆုံးကွယ်
နားတော့ထောင်ဦး မင်းသိစေချင်တယ် အချစ်ရယ်

Cho: [နာ.. နာ.. နား.. နာ.. နာ... နာ... အူးဟူး...
နာ.. နာ.. နား.. နာ.. နာ... နာ... အိုးဟို...
နာ.. နာ.. နား.. နာ.. နာ... နာ... ]
နားတော့ထောင်ဦး မင်းသိစေချင်တယ်

V3: မင်းကိုယ်ကို မင်းကမပိုင်ဘူးသိလားကွယ်
ကိုယ့်ကိုယ်ကို လုံးဝမပိုင်ဘူးသိထားတယ်
နားခိုရာတို့နှစ်ယောက်မပိုင်သောကမ္ဘာကြီးအလယ်
ခွဲရမယ့်တရား မင်းသိစေချင်တယ် အချစ်ရယ်

Repeat: Cho: [....]3
ခွဲရမယ့်တရား မင်းသိစေချင်တယ် အချစ်ရယ်
နားတော့ထောင်ဦး မင်းသိစေချင်တယ်
ခွဲရမယ့်တရား မင်းသိစေချင်တယ် အချစ်ရယ်
5:13 PM 3/20/2013

လိပ်ပြာ

တေးရေး- အယ်ဖြူ
တေးဆို-လေးဖြူ

Key: A
Intro: A

A                                                                                            Em
ငယ်ရွယ်စဉ်ချိန်ဟိုအဝေးက ပြန်မြင်ယောင်ရယ် အရင်အတိတ်ဘ၀ အိပ်မက်
A                                                                              Em                                                           
ပုံပြင်ဆန်တဲ့မြို့လေးထဲ ရင်ခုန်သံတွေ သင်ကြားရင်း လျှောက်ခဲ့
D
နှင်းများကျနေတဲ့လမ်းထဲ ကလေးလေးတစ်ယောက် အပူအပင်မဲ့
D
အဝေးက အစိမ်းရောင်မြက်ခင်းထဲ ကြီးပြင်းရင်းနဲ့

►► ဒဏ္ဏာရီလို စိတ်ကူးများ ပီပြင်လာမယ်ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့တစ်ဖက်စွန်းက ဘယ်လိုနေမယ်ငါမသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့စိတ်ကူးနဲ့စဉ်စားလိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က
        A                G              D           G                  A
Cho: မိုးကုတ်စက်ဝိုင်းရဲ့ဟိုး အစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
               A                  G                 D          G                A
အိုး… မိုးကုတ်စက်ဝိုင်းရဲ့ဟိုး အစွန်းတစ်ဖက်မှာ ဘာတွေရှိမယ်
လွင်ပြင်ကျယ်ဟိုဘက်စွန်းက ဒဏ္ဍာရီပုံပြင်ထဲက
စံပျော်ရာ ဘုံဆောင်နန်းများ ယုံကြည်စွာ ရှာဖွေဆဲပါ
အချိန်တွေကြာ ခြေကုန်လက်ပန်းကျ
အိမ်ကိုပြန်မယ်ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီငါတစ်ယောက်တည်း
အဝေးဆုံးမှာ လမ်းပျောက်နေပြီ
A                                Em               A   Em
အစိမ်းရောင်မြက်ခင်းများ ဟိုးအဝေးမှာကျန်နေပြီ

Solo: A G D A G D A G D A
►► Cho: Fine

2:09 AM11/26/16


အမှတ်တရညနေ

ရေး -
ဆို - ဂျီလတ်

ခုံတန်းလျားဟောင်းလေးတစ်ခုအပေါ်ထိုင်ရင်း
ငါ့အကြည့်များက အဝေးကိုမျှော်ရင်း
အနီရောင်နေလုံးကြီးရယ်နှုတ်ဆက် အရာရာဟာနှုတ်ဆက်
ညနေမှောင်ရီ အကုန်ဇာတ်သိမ်း… ရေး….

အသစ်သစ်တို့ကဟောင်းပေမယ့်လည်း
အဟောင်းများထဲကအသစ်ကိုပြန်ပြီး
ငါဟာမာနများတော့မဟုတ်ခဲ့
အရာရာကိုမင်းအတွက်ဖြစ်စေခဲ့လည်း
ငါဟာဆွံ့အဆဲ

(ဆုံးရှုံးသွားတာရင်ဘတ်ထဲက
ဒါအလွမ်းရဲ့ညနေခင်း
ငိုရှိုက်ခြင်းများပဲ့တင် ငါအနား
နင်ဟာလမ်းခွဲခြင်းရဲ့အဝေး)2
အဝေးဆုံးနင်ဝေး..

အလွှာလိုက်ပဲ့ကျတဲ့ ငါ့ရဲ့နှလုံးသား
ခံစားမှုများရဲ့ထိုးနှက်ခြင်းများ
လိုရာနင်နင်းလျောက်လို့သွားမယ့်
ခြေတော်ခံအဖြစ်နဲ့ ပို့ဆောင်စေမယ်
ဖိနပ်လေးတစ်ရံပဲ

အမှတ်တမဲ့အဖြစ်နဲ့တွေ့ဆုံခြင်းက
အမှတ်တရအဖြစ်နဲ့ဝေးကွာခြင်းတို့
ကံကိုကိုယ်လွှဲချဖို့အဖြစ်မရှိ
ငါသာငါ့အကြောင်းသိ ငါ့လိုလူမျိုး
ဘယ်သူရှိနိုင်မလဲ

5:14 PM 3/20/2013

နင်ကြိုက်သလိုလုပ်ပါ

ရေး -
ဆို - စည်သူလွင်

အချိန်တန်ရင်လေ.
မင်းအနားပဲ ပြန်ပြန်လာခဲ့..
မသွားတော့ဘူးလို့ စိတ်ကို
အကြိမ်ကြိမ်ထိန်းထားပေမယ့်
င့ါရဲ့ အသွေးအသားထဲက
ဆာလောင်တောင့်တနေတယ်..

အချိန်တွေ ကုန်ကာလေ
လုံးပါးပါးမှာ သေချာပေမယ့်
ငါ့ခြေလှမ်းများ
ရှေ့ဆက်ဝင်လာခဲ့ မင်းဆီကို..
မီးတောက်များထဲ
ဆင်းကာဝင်လာခဲ့ မင်းဆီကို…

နင်ကြိုက်သလို လုပ်ပါကွာ
ငါ့ကို အသုံးပြုတော့
မိုက်မဲစွာ မီးတောက်ထဲ
ခုန်ဆင်း ငါစတေးလိုက်တော့မယ်..
နင်ကြိုက်သလို လုပ်ပါကွာ..
ငါ့ကို အသုံးချတော့..
မိုက်မဲစွာ မီးတောက်များ..
ငါနမ်းကာ ထွေးပွေ့လိုက်
နိုး..နိုး..နိုး…အို..၀ိုး….

စိတ်ကြိုက် ငါပုံအပ်ပြီ..
ကြင်နာသူလေး..
မင်းအတွက် အားလုံးပေးမယ်..
ချစ်သူလေး…
စိတ်ကြိုက်ပေးအပ်ထားပြီ အချစ်လေး..
လိုရာ ငါ့ဘ၀ကို သုံးပါ.. အချစ်လေး…
ရေး.. နိုး…နိုး…နိုး..အိုး..၀ို…

နမ်းရှိုက်ရင်း မော့သောက်ပြီ..
ဒဏ်ရာဆူးချက်တွေကို…

5:15 PM 3/20/2013

Tuesday, January 1, 2013

နာရီပေါ်ကမျက်ရည်စက်များ

ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

နာရီသံတွေဆူညံလွန်းနေ
ရင်ခုန်သံတွေမြန်တယ်အချစ်ရေ
ငိုချင်ပါတယ်မျှော်လင့်ခြင်းတွေ
တို့တွေ ဒီအချိန်ဟာနောက်ဆုံးလား

နှုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း
ပါးပြင်ပေါ်မှာ မျက်ရည်တွေဟာ
အချိန်နာရီတွေပေါ်ကို ကျော်လွန်ရေလိုဖြတ်ပြီး
စီးဆင်းနေဆဲ ချစ်သူရေ… (နှလုံးသားထဲဆွေး)

 ကြင်နာတာတွေပြန်လည်တွေးရင်
နာကျင်ပါတယ် ကိုယ့်အသည်းတွေ
ယုံကြည်ချင်တယ် ကံတရားရေ
ပြန်ဆုံနိုင်မယ် ထင်သေးလား..

ငိုရင်ပုလဲ ရီရင်ရွဲ အရာရာအားလုံး
ပြည့်စုံတယ် အချစ်နဲ့…..
အခြေနေမဲ့ ရွှေငွေမဲ့ အရာရာအားလုံး
အရှုံးတွေနဲ့ ဒါဟာ…………
ဒါဟာ နောက်ဆုံးပဲ အချစ်ကလေးရယ်
ဒါဟာ နောက်ဆုံးပဲ……………

ဟန်ဆောင်နေတာလိမ်ညာခြင်းလေ
ပိုင်ဆိုင်ချင်တာ ၀န်ခံပါရစေ
မဆုံနိုင်တာ ဘာကြောင့်လဲလေ
တို့တွေ ဒီနေရာမှာနောက်ဆုံးလား..

တကယ်ကြင်နာမြတ်နိုးနေ
မပန်ခင်မှာ မခြွေရက်ဘူးမေ
တချိန်ချိန်ကို ကိုယ်မျှော်လင့်နေ
ပြန်ဆုံနိုင်မယ် ထင်သေးလား…


ဒါဟာ နောက်ဆုံး… ပဲ….

အဓိပတိလမ်းက ခြေရာများ

ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

အဓိပတိလမ်းမထက် အတိတ်ကတို့ခြေရာများ
တိမ်တိုက်လို ဝေးလွင့်လို့သွား
အားလုံးပျောက်ကွယ်လေပြီ

ရာသီတွေ ချာချာလည်မှုန်ဝါး
အတိတ်ကခြေသံ တိုးတိုးသွား
တို့နှစ်ယောက်တကယ်ကို ဝေးခဲ့ကြပြီလား

ပွင့်သစ်စက ရနံ့ဆွတ်ပျံ ခုတော့ ပျောက်ပြယ်လွင့်ပါး
ပြောင်းလဲခြင်းများရဲ့ မြစ်ရေတို့
ဘ၀ကို ဖြတ်ကျော်တာ ကြုံတယ်
ဒဏ္ဍာရီလိုလို ဝေေ၀၀ါး
အတိတ်ကခြေသံ တိုးတိုးသွား
တို့နှစ်ယောက်တကယ်ကို ဝေးခဲ့ကြပြီလား

အို အဓိပတိလမ်းမကလည်း အရင်လိုပါလား
အိုး တို့နှစ်ယောက်ရဲ့ အချစ်တို့ မခိုင်မြဲကြ
အချစ်တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့ ယုံနိုင်မလား…


အဓိပတိလမ်းမထက်လျှောက်ခဲ့ကြ တို့ခြေရာများ
အမြဲတမ်းတွဲသွား မခွဲတမ်းလျှောက်ခဲ့
အိုး အချစ်တဲ့လား
ကမ္ဘာတည်အောင် ခြေရာတွေ ချန်နေရစ်မလား
ခုတော့ ဘယ်လိုဖြစ်ခဲ့သလဲ
ကြင်နာသူတွေတကယ်ကို အို ဝေးခဲ့ပြီတဲ့လား

(အို အဓိပတိလမ်းမကလည်း အရင်လိုပါလား
အိုး တို့နှစ်ယောက်ရဲ့ အချစ်တို့ မခိုင်မြဲကြ
အချစ်တွေးမိရဲ့လား တို့ရဲ့အဖြစ်များ
အားလုံးပြောင်းလဲသွားခဲ့ပေါ့ ယုံနိုင်မလား…)x2

အားလုံးပြောင်းလဲသွားခဲ့ပေါ့.. ယုံနိုင်မလား…..

နောက်ဆုံးမိနစ်

ရေး - မောင်မောင်ဇော်လတ်
ဆို - အငဲ

ဒီအချိန်ရောက်တော့ အလွန်တောက်ပတဲ့
နေလုံးကြီးလည်း အနောက်ဘက်ကမ်း
အမှောင်ထုရဲ့ကြား ထိုးဝင်ပျောက်ဆုံးသွား
လေညှင်းလေးတွေ ငြိမ်သက်လို့
ငှက်ကျေးများကလည်းသီချင်းမဆို
အရာအားလုံး ဆိတ်သုံးလို့သွား

ဟူး… ပြန်ပြီးတော့ နိုးစမ်းပါ
ဟူး… ငါအိပ်စက်မိရင်ကွာ…

(နောက်ဆုံးအခန်း နောက်ဆုံးအနမ်း
နောက်ဆုံးလမ်းခွဲချိန်လေးခဏပါ
နောက်ဆုံးနေ့ နောက်ဆုံးအထိအတွေ့
ဒါနောက်ဆုံးငါ့ဘဝ
နောက်ဆုံးထွက်သက် နောက်ဆုံးအိပ်မက်
ရင်မှာထွေးလို့ ပွေ့ဖက်ပေးပါ
နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်
ဒါနောက်ဆုံးငါ့ဘ၀) ခဏလောက်လေးပါ

ကိုင်ဆုပ်ထားတဲ့ လက်ထဲက
ပြန်ပြီးလွတ်ထွက်မသွားဖို့ရာ
မဖြေလျော့မိဖို့ အားတင်းနေတဲ့ခဏ
မှုန်ဝါးတဲ့ မြင်ကွင်းက
ငါတောင့်တတဲ့ နေ့ရက်လား
နောက်ဆုံးအသိ ငါရှိချိန်လေး

(ခဏလောက်လေး ခဏလောက်လေးပါ)၂
ဟူး ပြန်ပြီးတော့နိုးမှာလား
အခုတစ်ခေါက် ငါအိပ်စက်လိုက်မိရင်ဟာ..


နောက်ဆုံးအခန်း နောက်ဆုံးအနမ်း
(နောက်ဆုံး)၃ လမ်းခွဲချိန်လေးခဏပါ
နောက်ဆုံးနေ့ နောက်ဆုံးအထိအတွေ့
ဒါ(နောက်ဆုံး)၃
နောက်ဆုံးထွက်သက် နောက်ဆုံးအိပ်မက်

ဧရာဝတီ

ရေး - ခင်ဝမ်း
ဆို - ခင်မောင်တိုး

တိမ်တိုက်တွေရဲ့အဆုံး
အနောက်ဘက်က. အဝေး မိုးကုတ်တစ်နေရာမှာ
နေရောင်တချို့ ရှိနေသေး
မြူတွေဆိုင်းနေတဲ့ ရခိုင်ရိုးမရဲ့အရိပ်
ဟိုဘက်ကမ်းခြေ မြစ်ရိုးမှာ
မှောင်မိုက်နေပြီ

အေးမြတဲ့ မြောက်လေကြောင်းကို
ဆန်ပြီး ပျံသန်းခဲ့တဲ့ ငှက်ကလေးတွေ
အလင်းရောင်က မရှိမဲ့ ရှိမဲ့..
ခရီးဝေးကို ပျံသန်းခဲ့ရလို့
ပင်ပန်းခဲ့ပြီလား
ခရီးဖော် အပေါင်းအသင်းတွေနဲ့
မိုးမချုပ်မီ အိမ်ကို ပြန်ခဲ့ပြီ

ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)2
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်
ဧရာဝတီ ဧရာဝတီ ဧရာဝတီ

မှိုင်းညို့တဲ့ အေးမြခြင်း
လောကရဲ့ အမိုး ကောင်းကင်တစ်နေရာမှာ
ငွေကြယ်ကလေး လင်းလက်နေခဲ့
အပြာရောင်သမ်းနေတဲ့
ငွေညရဲ့အောက်
တစ်ကိုယ်တော် ခရီးကိုထွက်ဖို့
မြစ်မင်းဟာ ခရီးဆက်ခဲ့ပြီ

ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)2
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်
ဧရာဝတီ ဧရာဝတီ ဧရာဝတီ

ကြိုးကြာသံ

ရေး -
ဆို - ခင်မောင်တိုး

မိုးဦးဝင်ရောက်လာတဲ့အခါ ရိုးမကို ဖြတ်ပျံရင်း
မြောက်ဘက်ကို ဦးတည်လှည့်ကာ
သားပေါက်ရာအရပ်ဆီ မိုင်ထောင်ချီ
ပျံလေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ
ခရီးစဉ်

မျိုးဆက်ရဲ့ အားမာန်တစ်ခုပါ
လမ်းကြောင်းမှန် ရွေးချယ်ခြင်း
အနားနီးသူ သက်လုံမကောင်းရင်
မွေးဖွားရာအရပ်ဆီ မိုင်ထောင်ချီ ပျံနေရင်း
ကြိုးကြာငှက်တချို့လေ. ချီလာစဉ်
ကျန်ရစ်ပြီ

ဆုံးဖြတ်ချက် တစ်ခုချမယ်..
အရှုံးနဲ့ အောင်မြင်ခြင်းဟာ
ရှိသင့်တဲ့ အားနဲ့မာန်.
ဟန်နိုင်မှ

ရိုးမကို ဖြတ်ကျော်လွှားချိန်
စီးလမ်း လေကြောင်းလွှာထဲ
ချည်းနင်းဝင်ရောက်လာပြီးရင်
အားစိုက်မျှောလိုက်နဲ့ မိုင်ထောင်ချီ ပျံလေပြီ
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်

အာဒံဧဝ

ရေး  - ရိန်မိုး
ဆို  - ရိန်မိုး

ကမ္ဘာဦးအစရဲ့ အာဒံချစ်သူ ဧ၀ လိုလား
ရင်ကို အချစ်တို့ ကျွမ်းလောင်ထား
ဒါကို အချစ်ရဲ့ အစတဲ့လား
ငြိမ်သက်ခဲ့တဲ့ ကန်ရေအထက်ကို လှုပ်ခက်သူလား
ရင်ကို ရစ်မူးခဲ့စေသလား
ဒါကို အချစ်ဦးလို့ခေါ်မလား
ချိုမြိန်စေ အချစ်က ဦးအစမို့
ချစ်သူအချစ်ဟာ ရင်ခွင်ဦးဆို
အဖိုးထိုက်တန်စွာ တန်ဖိုးထားတတ်သူ
တစ်ပွင့်ဆိုတစ်ပွင့် ဆင်မြန်းပါ ချစ်သူ အချစ်ဆုံးရာ..
အို…….

ရင်ခုန်သံဟာ ကာရန်သံစဉ်တူညီ
ဒါဟာအချစ်ဆိုရင်
ကြင်နာခြင်းအနမ်းတွေ ဦးဆုံးဖြစ်ပါစေသား
အချစ်တစ်ခု ကိုးစားတော့..
အရာရာကိုသာ ပိုင်ဆိုင်မယ်ဆို
ရည်ရွယ် ကိုယ်သာဦးစေမယ်
ပထမဆုံးများသာ ဘ၀အတွက် ဖြစ်ပါစေသား
စိတ်တစ်ခုကိုးစားတော့.. ဦးဆုံး……….

ကမ္ဘာဦးအစရဲ့ အာဒံချစ်သူ ဧ၀ လိုလား
ရင်ကို အချစ်တို့ ကျွမ်းလောင်ထား
ဒါကို အချစ်ရဲ့ အစတဲ့လား
ငြိမ်သက်ခဲ့တဲ့ ကန်ရေအထက်ကို လှုပ်ခက်သူလား
ရင်ကို ရစ်မူးခဲ့စေသလား
ဒါကို အချစ်ဦးလို့ခေါ်မလား
ချိုမြိန်စေ အချစ်က ဦးအစမို့
ချစ်သူအချစ်ဟာ ရင်ခွင်ဦးဆို
အဖိုးထိုက်တန်စွာ တန်ဖိုးထားတတ်သူ
တစ်ပွင့်ဆိုတစ်ပွင့် ဆင်မြန်းပါ ချစ်သူ အချစ်ဆုံးရာ..
အို…….

(ရင်ခုန်သံဟာ ကာရန်သံစဉ်တူညီ
ဒါဟာအချစ်ဆိုရင်
ကြင်နာခြင်းအနမ်းတွေ ဦးဆုံးဖြစ်ပါစေသား
အချစ်တစ်ခု ကိုးစားတော့..
အရာရာကိုသာ ပိုင်ဆိုင်မယ်ဆို
ရည်ရွယ် ကိုယ်သာဦးစေမယ်
ပထမဆုံးများသာ ဘ၀အတွက် ဖြစ်ပါစေသား
စိတ်တစ်ခုကိုးစားတော့.. ဦးဆုံး……….)၂

မင်းအချစ်ကြောင့်

ရေး -
ဆို - ဝိုင်ဝိုင်း

မိုးသည်းပါစေ နှင်းခဲပါစေ
အပြင်းဆုံးနေ ပူချင်ပူပါစေ
နောင်ဘ၀အထိ ချစ်ပါရစေလေ..

မပြောင်းလဲနိုင်ပါ ဘာတွေ ဖြစ်ဖြစ်

ဆူးခင်းတဲ့ ဘ၀လမ်းထဲ
နင်းမယ့်ဖ၀ါးတွေ မနာကျင်ဖို့လေ.
အို. မင်းအတွက် ငါ့ကိုခင်း..
နင်းလျှောက်ပါလေ.
မပူပါနဲ့အချစ်

တကယ်ဆိုရင် မင်းမရှိတဲ့ငါ ဘ၀လည်းမရှိ
ပန်းတိုင်မသိ အရာရာနတ္ထိ.
အို.. ဘာမဆို မင်းကြောင့်သာ
ရင်ဆိုင်ချင်လာတာ ဘ၀ရဲ့အဓိပ္ပါယ်ရှိပြီ..

တကယ်ဆိုရင်လေ မင်းအချစ်ကြောင့်ငါ ခံစားသိ
မေတ္တာရဲ့ သိမ်မွေ့ခြင်းတွေ..
အို…တကယ်ကို ကျေးဇူးပါ..
ငါသက်ဆုံးတိုင်အချိန်ထိ ပေးဆပ်မယ့် အချစ်….


အချစ်နဲ့ဆူးရှ မင်းမျက်ဝန်းတွေ
ငါရင်ထဲ လှိုက်ဖိုနွေးနေ
အနူးညံ့ဆုံး အားပေးတဲ့အပြုံးတွေ
ရင်ခွင်အမောတွေ ပျောက်ကွယ်.
အားအင်တွေအပြည့်….

နောက်ဆုံးအိပ်မက်

ရေး -
ဆို - အဲလက်စ်

ဖိတ်စာတုတွေ ဝေခဲ့ကြ၊ စိတ်မှာခုနေခဲ့တာ ပြန်ပြီးဖျောက်ဖျက်နေရ
အဆိပ်အိပ်မက်တွေ ချောက်ထဲကျ အတိတ်တွေလေမှာဝဲပြီး အဝေးကို ပျောက်ဆုံးလို့သွား
ယုံကြည်တာဟာ ဘာလဲမသိ၊ ပစ္စုပန်များ

တကယ်ဆို တို့ကိုယ်တိုင်လည်း မဆွေးချင် မင်းကို ပျော်ရစ်စေ့ချင်
နှစ်မျိုးရင်ဆိုင်ပြီး တိုက်ခိုက်နေရနောင်တစ်ချိန် အလွမ်းတွေမရှိသော လမ်းမှာ တို့ပြန်ဆုံရတဲ့အခါ အချစ်တွေပြန်ပြီးလှပနေမှာ ဒါဟာ နောက်ဆုံးမက်တဲ့အိပ်မက်ပါ


အစွန်းတွေလွတ်အောင်နေလို့မရ တဖက်ကိုလျော့ရင် တဖက်မှာပိုပြီးဆိုးဆိုးလို့သွား
တစ်နေ့စာတစ်မျက်နှာ ဖတ်ပြီးမှ ရှေ့ကိုတိုးနေရတာကိုက ဘဝလို့ခေါ်မလား
ယုံကြည်တာဟာဘာလဲမသိ ပစ္စုပ္ပန်များ

9:42 PM 4/8/2013

တေဘုမ္မာ

ရေး - ကျိုက်လတ် ဦးပြုံးချို
ဆို - မောင်မောင်ကြီး၊ ရီရီသန့်၊ တင်တင်မြ

တေ-ဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့  များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ၊ အ၀ိဇ္ဖောဃာ စိတ်မောဟာ မကင်းတာ အရင်းခံ သူတဏှာ၊ ဒိဋ္ဌိဥာဏ် ၀င်စားထင်မှား မြင်ငြားကြတာ၊ လူဘဲ နတ်ဘဲ မှတ်စွဲလို့ သာ၊ မှားချက်အလွန်နာ၊ ငါ့သားငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ်ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ၀ိပဿနာ ၀င်စားထင်လျား၊ မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရက မှန်စွာ အနတ္တာ ခန္ဓာ၊ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချူပ်ကာ၊ ရုပ္ပတိသညာ၊ ဖေါက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရားနာမ်တရားနှစ်ဖြာ၊ အိုနာသေမည် အတည်မကျပါ၊ သင်္ခါရဟာ ဘင်ကာလမကြာ၊ ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ အ၀ိဇ္ဖာ အကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ အ၀ိဇ္ဖာ အကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ်နာမ်တရား ရုပ်တရားနှစ်ဖြာ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ- ပဋိစ္စ သမုပ္ပါန် ရှုပ်ပြန်အတွင်းအပတဏှာ။ (ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ၊ တေ ဘုမ္မာ)

(မြေ-ရေ-လေ-မီး ဓာတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘော ခန္ဓာ၊)၂၊ (မုန်းဖွဲ့ မလွတ်ပါ၊ သုံးဆယ့်နှစ်ကောဋ္ဌာ၊)၂၊ (မိုက်မဲအ၀ိဇ္ဖာ၊ စိတ်တဏှာ အနိဋ္ဌာ- ဣဋ္ဌာရုံထင်မိမှား၊ ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချူပ်နှောင်ကာ သူလှည့်စား၊ )၂၊ (တရားကွာ မှားရှာ များသတ္တ၀ါ ဘ၀အနေကာ ဖြစ်ပျက်သံသရာ )၂၊ မီးဆယ့်တစ် ငြိမ်းရာချူပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ မဂ်ဖိုလ်ကြိုးစားရအောင်ရှာ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ သမုစ္ဆေပဟာန် ဧကန်ပါယ်၍ခွာ၊ အထက်တန်း တက်လှမ်းမကြာ ရုပ်နာမ်ခန္ဓာ နှစ်ဝလုံးဟာ၊ အစတုံးကာ ဘ၀ဆုံး အမတာ၊ အဲသို့ မှသာ ဘေးတကာ ရန်တကာ ကင်းဝေးမှာ၊ အရဟတ္တဖိုလ် ပညာကိုသာ၊ အနုသယကိလေ တိခြွေပယ်ဖို့ ရာ၊ အမှန်ဝါယမန် စိတ်သန် သမာဓိ ၀ိပဿနာ့ဥာဏ် ရင့်သန်စေဖို့ ရာ။
ငါးဆူရှင် ပါရမီတော်ရင့်သည်။ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ၊ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျက်မှန်စွာ၊ ရှည်လျား- သုညကမ္ဘာတွေမှာ- ဓမ္မာသွေခွါ အပါယေမှာ ပျော်ဖို့ ၊ တရားမသိလို့ အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ၊ ငရဲတိရစ္ဆာ တကတဲမဆိတ်စွာ အသဲထိတ်စရာ စည်ပင်ကြတော့မှာ။
(မကောင်းဒုစရိုက်တွေဟာ နည်းအောင်ကျင့်ပါ) ၂၊ (နှစ်လ နေ့ ရက်နာရီတွေဟာ၊ အချိန်အလကား မကုန်စေရာ) ၂။ (ကာမဂုဏ် ရမ္မက်ဆိုးကို ဖျက်ချိုးနိုင်မှသာ၊ ဖြစ်ရာဘ၀သံသရာ၊ ပညာပါရမီ ကြီးရင့်အောင်ဖို့ ပါ)၂။ အတီတာ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ၊ ယခုလဲမိုက်ဆဲမှန်စွာ၊ ရှေ့ ကိုတိုးလို့ တံပိုးမိုက်အုံးမှာ၊ အဆုံးသတ်သင့်တာ။
(ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ)၂၊ (လောဘ ဒေါသ မောဟ လောင်မီးကိလေသာ၊) ၂၊ (တဟုန်းဟုန်းတောက်လို့ သာ၊ တဖြုန်းဖြုန်းမောက်မို့ စွာ)၂ (အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အားထက်သန်စွာ)၂၊ (နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်မပါ၊) (နေရာဟောင်းကို အလွန်အောင်းမေ့တာ)၂၊ လေးဘုံပါယ်ရွာ လေးဘုံပါယ်ရွာ ထဲမှာ- နေမြဲသာ၊ များသည်သတ္တ၀ါ။