ရေး -
ကြင်နာပါမေရေ လုံးဝမီးမထွန်းအလင်းမဲ့
သမိုင်းဦးည အမှောင်လိုပဲလား
နေရဲ့အလင်းရောင်လေးများ
တံခါးများခေါက်လို့ ခေါ်သံကြားလား
ရင်ခွင်တံခါးတွေကိုဖွင့်ဦး
ဆို - ချစ်ကောင်း
ကြင်နာပါမေရေ လုံးဝမီးမထွန်းအလင်းမဲ့
လျှပ်စစ်မီးမဲ့လားလေ
ကြင်နာပါမေရေ လုံးဝမီးမထွန်းအလင်းမဲ့
လျှပ်စစ်မီးမဲ့လားလေ
သမိုင်းဦးည အမှောင်လိုပဲလား
မင်းမရှိတဲ့ အလွမ်းကမ္ဘာကြီးဟာ မဲမှောင်သွားပြီလား
နေရဲ့အလင်းရောင်လေးများ
ထွန်းလင်းလမ်းပြလို့ပေးလိုက်ဦးတော့ ကိုယ့်အချစ်လေးရေ
ကြင်နာပါမေရေ စိမ်းလန်းအေးမြတဲ့စကားများ
အနားကပြောပြဦးလေ
တံခါးများခေါက်လို့ ခေါ်သံကြားလား
မနားတမ်း မမောတမ်း ကိုယ့်အချစ်လေး တံခါးတွေဖွင့်ပါပြောကြား
ရင်ခွင်တံခါးတွေကိုဖွင့်ဦး
အချစ်ရဲ့တံခါးပေါက်လေးများ
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်ရက်စက်မိတယ်)
အလင်းများလည်းပေးဦး
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်စိမ်းကားသူရယ်)
ကြိုးများပူးချည်ထားလား ရင်ထဲမှာအဆွေးများ
အချစ်ရဲ့ ကြားလား လွမ်းတယ် တမ်းတတယ်
အလင်းရောင်ပေးပါ အလင်းရောင်ပေးပါ အချစ်ရေပေးပါ
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်ရက်စက်မိတယ်)
အလင်းရောင်များပေးဦး
(အားလုံးသုံးဥတုတံခါးပိတ် မီးမှိတ်ရက်စက်မိတယ်)
တံခါးတွေဖွင့်ထားဦး
စိမ်းလန်းအေးမြတဲ့စကားများ အနားကပြောပြဦးလေ
အလင်းရောင်များပေးဦး
5:12 PM 3/20/2013
No comments:
Post a Comment