Friday, January 4, 2013

ပြီးပြည့်စုံတဲ့ဘဝ

ရေး -
ဆို - ခိုင်ထူး

အတူနေစဉ်တုန်းအခါက မသိခဲ့ရိုးအမှန်ပါ
ခွဲခွါခြင်းဟာ အလွမ်းရဲ့အစမို့
စိတ်ညစ်ခြင်းဟာလည်း ဝေးကွာခြင်းရဲ့အနားမှာ
ကပ်လျက်ရှိနေတယ် ဆိုတာကို
တကယ်တမ်း ခွဲခွါနေရမှ
ဒါတွေကို သိလာခဲ့ရတယ်

အချစ်ဆုံးသာ ကိုယ့်အနားရှိနေခဲ့ရင်
မိုးမမြင်လေမမြင် ပျော်လိုက်မယ့်ဖြစ်ခြင်း
အချစ်ဆုံးသာ ကိုယ့်အပါးရှိနေခဲ့ရင်
ကိုယ့်ဘ၀မှာ ဘာလိုသေးလို့လဲ အချစ်ရယ်
ကိုယ့်အတွက် ဘာလိုသေးလဲကွယ်

နှစ်ကိုယ်ကြည်ယှဉ်ပြုံးချိန်ဟာ ပြည့်စုံလို့နေမှာ
တွေ့ဆုံဆည်းရန် တမ်းတမိလို့
မနက်ဖြန်တိုင်းမှာလဲ မင်းရဲ့အပြုံးနဲ့ မခွဲမခွါ
အမြဲပဲတွေ့နိုင်ဖို့ ကိုယ်တကယ်
ဆုတောင်းမိတယ် အကြိမ်များလား
ထာဝစဉ် ဝေးမှာကြောက်မိတယ်


တကယ်တမ်း ခွဲခွါနေရမှ
ဒါတွေကို သိလာခဲ့ရတယ်

5:09 PM 3/20/2013

No comments:

Post a Comment