Thursday, January 17, 2013

မိုးစက်တင်လေ

ရေး - လွှမ်းမိုး
ဆို - လွှမ်းမိုး

ပင်လယ် နေပူရင် ဖြစ်ခြင်းသဘောတွေ
ဟို…တောင်ပြာတန်းရိုးမိုးစက်မှုံရင်
တို့ရဲ့စိတ်တွေပြေးသွားခဲ့သည် မင်းတစ်ယောက်ရှိတဲ့ဆီ မှန်းဆလွမ်းပါသည်…
မညှာမတာမိုးကြမ်းများ ငါ့ကိုလေ ရိုက်ခတ်လို့မသွားအောင် ကူညီလို့ပေးတယ်
တိမ်လွှာပြင်မိုးသားအောက်က ချစ်တဲ့သူရေ…မြေပြင်လူငါ့အထက်ကပ်လျှက်ရပ်ခဲ့သူရေ
သောကဝေ ဒုက္ခမိုးရေတွေ မထိခိုက်အောင်ကာဆီးခဲ့သူရေ
အမည်ပေးလိုက်ချင်တယ်လေ…မိုးစက်တင်လေ……..။

နွေအလည် ပြန်ကာနေတဲ့ ငှက်ကလေးများတို့ရေ…
ဟို…ဖြူစင်ရိုးသား စိတ်ထားမြတ်သူ..
တို့ရဲ့စိတ်တွေပြေးသွားခဲ့သည် မင်းတစ်ယောက်ရှိတဲ့ဆီ မှန်းဆလွမ်းပါသည်…
ကြုံရင်ပြောလိုက်ပါ့ ငှက်ငယ်တွေရေ…မုန်းမေ့လို့မသွားအောင် ကူညီလို့ပေးပါ…
သံသာလေကမ်းက မိုးစက်တင်လေ…ရေပူရေချမ်းကမ်းလှမ်းမယ့် မိုးစက်တင်လေ
သောကဝေ ဒုက္ခမိုးရေတွေ ကင်းလွတ်ရာဘဝလေးထဲမှာလေ
ကိုယ်လိုက်လို့ရှာမယ်မေ…မိုးစက်တင်လေ……..။

ဆုံးစမယ့် လမ်းစမတွေ့ပေမယ့် မှန်းဆလို့ တမ်းတလွမ်းပါသည်
မိုးစက်တင်လေ…….. မိုးစက်တင်လေ…….. မိုးစက်တင်လေ……..ဘယ်မလဲအချစ်ရေ…။

No comments:

Post a Comment