Tuesday, December 31, 2013

တိုင်ပတ်တဲ့ကမ္ဘာ

ရေး - စနို
ဆို - စနို

အဖျားငွေ့တွေပျို့အန်ပြီး ရေခဲရိုက်သိပ်ကာထားတဲ့ သူ့ရင်ဘတ်ဟာလည်း
အဆိပ်တွေတက် လောင်မြိုက်
နှလုံးသား အရည်မရွှမ်းနိုင်တော့ပါဘူး ခေါင်းမှာပတ်တီးစတွေနဲ့ စိတ်ဓာတ်တွေပြိုကျ
ရိုင်းစိုင်းလွန်းတဲ့ အနမ်းတွေနဲ့ လေညင်းရောဂါပိုးတွေနဲ့ တို့ကမ္ဘာကြီးကို ပက်ဖျန်း
ခါးရိုးကြီးတွေ ကိုင်းနေတဲ့ကမ္ဘာကြီး မနက်ဖြန်များကိုလည်း
သူ့မှာကြိတ်ကာကြိတ်ကာကြေကွဲ

အားလုံးပဲ ကျေးဇူးပြုပြီး ဆေးကုပေးပါ တို့နေတဲ့ကမ္ဘာကြီး
ယုယမှုတွေပေးကြစမ်းပါ တို့နေတဲ့ကမ္ဘာကြီး
ဆုတောင်းမေတ္တာပို့သပေးကြပါ တို့နေတဲ့ကမ္ဘာကြီး
ကမ္ဘာမြေကြီး ကမ္ဘာမြေကြီး

မတည့်တဲ့အစာတွေ စားမိတာမို့ ရာသီဥတုဖောက်ပြန်လို့
တို့နေတဲ့ကမ္ဘာကြီး နှာတွေစီး ပိုးလိုးပက်လက် အဖျားတွေတက်
ဒီအတိုင်းကြီးတော့ ပစ်မထားနဲ့ ကမ္ဘာကြီးကိုဆေးကုလှည့်

(ဆုတွေတောင်း ဆုတောင်းကြရင်းနဲ့ ဆုတွေတောင်းရင်း သတိရကြပါ)၂

No comments:

Post a Comment